ကျနော့်ဘေးမှာ လှိုင်းတေတဘုန်းဘုန်းရိုက်ခတ်နေတဲ့ ပင်လယ်ကြီးရယ် ကြယ်တေဝန်းရံနေတဲ့ လမင်းကြီးက ပုန်းလျှိုးကွယ်လျိုးထွက်နေတယ် နောက်ပြီး ကျနော် မေ့နေတဲ့ အတတ်တေမှာ ကျနော်သိပ်ချစ်ရပါသော p'saintက အသက်ဝင်နေတဲ့ပန်းချီကားတချပ်လိုထင်ရှား တောက်ပနေတယ်..
P'saintပြောပြတဲ့ သူ့အကြောင်းတေမှာ သူ့ဘဝကြီးက နေချင်စရာမကောင်းလောက်အောင် ဘဝကြီးက ခါးလှတယ်...
ဒါပေမဲ့ သူ အဖေတို့အမေတို့အကိုတို့ကို တွေ့ချင်တယ်..
သူပျောက်နေစဉ်မှာ သူ့အတွက် သေဆုံးကြောင်းသာကြောငြာပြီး ကိုယ့်ဘဝနဲ့ကိုယ်နေနေကြပေမဲ့ သူပြန်လာခဲ့ရင် သူ့ကို ဘလိုကြိုဆိုနေမလဲ သိချင်တယ်...P'saintပြောပြခဲ့သလို အားလုံးဟာ ကိုယ့်ဘဝနဲ့ကို ရုန်းကန်လှုပ်ရှားနေကြတဲ့အတွက် မင်းကို အချိန်မပေးနိုင်တာ မင်းအပစ်မတင်ပါနဲ့တဲ့...
ကျနော် အရင်က ဘလိုလူစားမျိုးလဲဆိုတာ သူမမှတ်မိတော့ပေမဲ့ အခုချိန်မှာ သူ စိတ်သစ်လူသစ်နဲ့ ဘဝကိုနေထိုင်ရမယ်
သူ့ကို အရေးမပေးနိုင်တဲ့သူတေကို စိတ်ခုနေတဲ့ သူအဖြစ်မဖြတ်သန်းတော့ဘဲ ကိုယ့်ကိုအရေးပေး တန်ဖိုးထားတဲ့သူတေအတွက် ဘဝကိုရှင်သန်မယ်...အခု သူ့ရှေ့က p'saint... သူ့ကို တလလုံး အလုပ်ထွက်ကာ ရှာခဲ့တာ.. သူ့လို့ ဂျစ်ကန်ကန်ကောင်လေးကို အချစ်တေနဲ့ပြုပြင်ပြောင်းလဲပေးတဲ့ အချစ်ရဲ့ဘက်တော်သားလေး..
သူ p'saintကို ပြန်ပြီးအကောင်းဆုံးစောက်ရှောက်ဖို့တွေးထားပြီးပြီ..တခုပဲ သူအရင်က p'saintကိုချစ်ခဲ့တာမှန်ပေမဲ့ အခုချိန်မှာ သူ p'saintအပေါ် ရှိးတိုးရှန်းတန်းဖြစ်တာကလွဲပီး ချစ်သလားဆိုတာ သိပ်ပြီးမသေချာဘူး..p'saintကို တွေ့ရင် သူရင်ခုန်တယ် p'saintမျက်နှာလေးကို ငေးနေရတာ အဓိပ္ပါယ်ရှိတဲ့ စာအုပ်တအုပ်ကို ဖတ်နေရသလိုပဲ... ပြီးတော့ p'saintရဲ့ ကိုယ်သင်းနံလေးရရင် ကြက်သီးတေထရလောက် ရင်ခုမ်သွားတတ်တယ်...
"ဒေါက် ဒေါက် ''
"Perth.. ငါ mark ငါတို့ကြက်တောင်ရိုက်ရအောင်... ဖိလစ်ပိုင်က ဧည့်သည်တေက အပျင်းပြေဆော့မယ်တဲ့လေ...''
YOU ARE READING
All abou You
Fantasyကိုယ့်မှာဆိုင်သူရှိပြီးသားနဲ့ အခြားတယောက်ကို ချစ်လို့မရဘူးလား တချိန်က ကိုယ်လဲ သူ့ကို ချစ်ခဲ့တာပဲလေ... အခုချိန်မှာ သူ့ထက်ချစ်တဲ့သူပေါ်လာတာ.. ကိုယ်လုပ်ကြံရည်ရွယ်ခဲ့တာမှမဟုတ်တာ... အကယ်၍ ကိုယ်မင်းကိုမချစ်တော့ဘဲ ချစ်ပါတယ်ဆိုပြီး စိတ်တေက အခြားတယောက်ဆီရောက်...