All about you 27

487 30 0
                                    

Saintကို ဂုတ်ကနေဆွဲကာ ထခိုင်းတဲ့ လက်ကြမ်းကြမ်းတေကိုမကြိုက်ဘူး...

"မင်းတို့ ဒီကို ဘာလာလုပ်တာလဲ? "

ရုပ်ရည် ပြေပြေပြစ်ပြစ်ရှိသူတယောက်က သူ့ကို မေးတယ်...

"ကျနော်တို့ ညီလေးကိုရှာတာ ဒီအဘအိမ်ကို သွားလို့... ''

Saintခပ်ဆောင့်ဆောင့် ဖြေလိုက်ရင်း ဘေးဘီကို ဝဲကိလိုက်တော့ သေနတ်နဲ့ရော ဓားတေနဲ့ရော လူတေအများကြီး

"ဟေ့ တဖွဲ့ထဲတဲ့ကွ ခေါ်လာခဲ့....''ဆိုကာ အမိန့်ပေးတော့ တဲထဲ လူအရိပ်တေပေါ်လာတယ်...

ထိုသူက ခေါင်းဆောင်ဖြစ်ဟန်တူတယ်...

ဟင်...ထွက်လာတာ ငယ်ပဲ ငယ့်နောက်ကနေ အဘရယ် ငယ့်ရဲ့ ညမလေး kue kueပါပဲ...

"ငယ်...''

သူလှမ်းခေါ်လိုက်တော့ ငယ်မျက်နှာက ပြိုတဲ့မဲ့ မိုးလို မဲမှောင်နေတယ်..

ငယ် နှိပ်များစက်ခံရသေးလား? ဒီလူနေက ဆေးရောင်းဝယ်သမားတေလား?

Gunတို့အဖေက သူတို့နောက်က ကပ်၍လိုက်လာပေမဲ့ နေရာကောင်းက စောင့်ဖမ်းမယ်တော့ပြောတယ်...

သူတို့အဖွဲ့ အန္တရယ်ကင်းပါ့မလား?

"P'saint ဘာလို့ လိုက်လာတာလဲ ကျနော်တယောက်ထဲ ဖြေရှင်းနိုင်ပါတယ် p'ရာ...အခုတော့အကုန် ဂျောင်ပိတ်လို့...''

Perthက သူ့အနားရောက်လာတာနဲ့ အသံတိုးတိုးဖြင်ြ သူ့ကို ဆူသလိုပြောတယ်...

"ငယ့်တယောက်ထဲ ဒီလူတေကြား ကိုယ်က ဘလိုစိတ်ချပြီး မလိုက်လာမှာလဲ ကြိအူး ''

ကြိလိုက်ရင် အားလုံးက လူကြမ်းကြီးနေ ဗလတောင့်တောင့် တုတ်တုတ်ခိုက်ခိုင်တေ ငယ့်ကို ဘာဘာလုပ်ကြမှန်းမသိ..
ငယ်ကို တခုခုများ လုပ်ပစ်လိုက်ရင် ဘလိုလုပ်မလဲနော်..

"အခု ဘလိုလုပ်မလဲ အားလုံး သူတို့လက်ထဲ ရောက်နေပြီ.. ''

ငယ်က သူ့ကို အပစ်တင်နေသလိုနဲ့ ..ငယ် ကိုယ် မင်းကို စိတ်ပူလို့ ဆိုတာ မင်းဘာလို့ မတွေးပေးနိုင်တာလဲ ငယ် မင်းလွန်တယ်ကွာ...

သူငယ့်ကို ကျောခိုင်းလိုက်ကာ planနားသွားပြီး ''နင့်ညီ နင်ပဲ ပြောပြလိုက်တော့''လို့ ပြောလိုက်တယ်

All abou YouWhere stories live. Discover now