All about you 17

743 50 1
                                    

"Perth.....သတိရလာပြီလား?  ဟေး..ငယ်လေး မျက်လုံးပွင့်လာပြီ...''

Saint တချိန်လုံးစောင့်ကြည့်နေရမှ ငယ်လေးမျက်လုံးတေလှုပ်လှုပ် လှုပ်လှုပ်နဲ့ ပွင့်လာတာတွေ့လိုက်ရတော့ ရင်ထဲကအလုံးကြီးကျသွားရတယ်...

"အေ..ငါ ဆရာဝန်သွားခေါ်လိုက်မယ် သိလား''ဆိုကာ planကပြေးထွက်သွားတယ်..

အခန်းထဲမှာ meanရယ် saintရယ်ပဲကျန်ခဲ့တယ်

"Perth ဘလိုလဲ ကိုယ့်ကိုကောင်းကောင်းမြင်ရလား? ဟင် ကိုယ်ဘသူလဲရော သိလား သူကရော ဘသူလဲ သိလား?''

Saint တလုံးချင်းစီမေးလိုက်မိတယ်...

"ဟေး..ငါ့ကို မှတ်မိလား ငါmeanလေ''

Meanကပါ လက်မောင်းလေးကို ရွရွကိုင်ကာမေးရှာတယ်

"အား ကျွတ် ကျွတ် ကျွတ်... mean ငါ ဘယ်ရောက်နေတာလဲ? "

"Perth မင်း ဆေးရုံမှာလေ မင်းရေချိုးခန်းထဲမှာ လဲနေလို့ ငါတို့ခေါ်လာတာ..''

"ဟင်...ငါတို့ ကမ်းခြေသွားမို့ ကားပေါ်မှာအဟုတ်ဘူးလား? p'saint ကရော  ဘလို ဖြစ်လို့...''

Saintလဲ အမေးမြန်းထူနေတဲ့ ကောင်လေးကို ဆွဲဖက်ထားရင်း ငိုနေမိတော့တယ်..ယောကျားလေးတန်မဲ့ မျက်ရည်ကျရလောက်အောင် သူပျော်သွားမိတာကိုး
အကောင်ပေါက်လေးက သတိပြန်ရလာပြီလေ..

"P'saint...ဘာလို့လဲ ဘာလို့ငိုတာလဲ...ကျမော့ကို စိတ်မကောင်းဖြစ်အောင်လို့လား မငိုပါနဲ့နော် ''

Saintကို ချော့ရင် လူချင်းခွာကာ မျက်နှာချင်းဆိုင်လိုက်ပြီး မျက်ရည်တေသုတ်ပေးနေတာ ငယ်လေးမှဟုတ်ရဲ့လား? Saintအိပ်မက်မက်နေတာမဟုတ်ပါစေနဲ့...အိပ်မင်ဆိုရင်တောင် မနိုးထချင်လောက်အောင် မက်မောရမှာပါ...

"မင်းကလဲ မင်းကားaccidentဖြစ်လို့ တလတောင်ပျောက်သွားသေးတယ် ပြီးမှ ငါနဲ့ planပြန်ရှာတွေ့လို့ ကမ်းခြေမှာ နားနေတာ လေးငါးရက်ပဲရှိသေးတာ အခု ငါတို့ ကမ်းခြေက ဧည့်သည်တေနဲ့ ကြက်တောင်ရိုက်ပြိုင်နေရင်း မင်း ဝူးဝူးဝါးဝါးနဲ့ ပြေးထွက်သွားလို့ လိုက်ကြိတာ မင်းက ရေချိုးခန်းထဲမှာ မူးလဲနေလို့ ဆေးရုံကို ခေါ်လာတာ...ဟာ ရှင်းပြရတာမောထှာ....''

All abou YouWhere stories live. Discover now