"ဟေ့...အားလုံး မူးပြီး မမှောက်ခင် perthအကြောင်းလေးကို လှဲ့ပြောရအောင်...''
"ဟုတ်တယ်...perth မင်း ဘာမှ မပူနဲ့ ငါတို့ မင်းအကြောင်းကို ပြန်ပြောပြမယ် ဟုတ်ပြီလား''
markရဲ့ စေ့ဆော်မှုကို အာလေးလျှာလေးဖြင့် planက ထောက်ခံတယ်...
"အရင်ဆုံး planက စပြောလိုက် မင်းကအကိုဆိုတော့...perth သူတို့ပြောတာနားထောင်နော် သိပ်လဲခေါင်းထဲမှာလျှောက်မတွေးနဲ့ ခေါင်းတေပူလာလိမ့်မယ်နော် ''
"ဟုတ်....''
Saint အပြောကို perthက ခေါင်းလေးငြိမ့်ကာ ပြန်ပြောတယ်...
"အေ..အေ..အဲ့ဟုတ်က စပြောမယ် သိလား? Perth မင်းဆိုတဲ့ကောင်ကလေ အရင်က သိပ်မိုက်ရိုင်းတာ ''
"ဟာ...''
Meanက ကြားကနေ ဟာ ဆိုကာ ပါးစပ်ကို အတင်းပိတ်လိုက်တဲ့အထိ planစကားက တဲ့တိုးကြီး 😁
"ဝူး ဝူး ဘာ လဲ? ဘာလို့ပါးစပ်လာပိတ်တာလဲ''
Planတို့များ meanရဲ့ လက်ထောက်ဒီဇိုင်နာမို့တော်သေး
ပြန်ပြန်ဟောက်တာ မထင်ရင် မထင်သလို ဆဲလဲဆဲတယ်"ဘာလို့ အသိမေ့နေတဲ့သူကို တဲ့တိုးပြောနေတာလဲ မူးနေပြီလား ကိုယ်ပြောပေးရမလား''
Meanက အလျှော့ပေးတဲ့ လေသံအေးဖြင့် ပြောတယ်"ရတယ်မလိုဘူး...perth မင်းကစကားပြောပဲရိုင်းတာပါ စိတ်ရင်းက ကောင်းတယ်..မင်းငယ်ငယ်က ဝဝကစ်ကစ်လေးကွ မင်း p'yol နဲ့ အင်္ဂလန်လိုက်သွားတော့လဲ ငါတို့ကို အမြဲဖုန်းဆက်ချွဲတာ.. ဟိုကိစ္စတေဖြစ်ပြီးတော့် မင်းပို ဆိုးသွမ်းသွားတာပါ...ငါက မင်းရဲ့ အဘွားအိမ်ဘေးမှာနေတာ မင်းနဲ့အကို ဝမ်းကွဲတော်တယ်..''
Planက စကားအရှည်ကြီးပြောပြီး မောသယောင် ဘီယာတခွက်မော့ချဖို့အပြင် meanက တားထားရတယ်
သူသောက်တာများနေပြီလေ...အင်းပါ..ကောင်းပါပြီဆိုတဲ့အထာဖြင့် ခေါင်းငြိမ့်ပြကာ စကားဆက်တယ်...
YOU ARE READING
All abou You
Fantasyကိုယ့်မှာဆိုင်သူရှိပြီးသားနဲ့ အခြားတယောက်ကို ချစ်လို့မရဘူးလား တချိန်က ကိုယ်လဲ သူ့ကို ချစ်ခဲ့တာပဲလေ... အခုချိန်မှာ သူ့ထက်ချစ်တဲ့သူပေါ်လာတာ.. ကိုယ်လုပ်ကြံရည်ရွယ်ခဲ့တာမှမဟုတ်တာ... အကယ်၍ ကိုယ်မင်းကိုမချစ်တော့ဘဲ ချစ်ပါတယ်ဆိုပြီး စိတ်တေက အခြားတယောက်ဆီရောက်...