All about you 9

958 63 7
                                    

Saintတယောက် perthရင်ခွင်ထဲ မှီကာ ငိုကြွေးနေမိတာ အချိန်တေတော်တော်ကြာသွားတယ်..
Perthကလဲ သူ့ကို မချော့ဘဲ ကျောကို ပုတ်၍နှစ်သိမ့်နေခဲ့တယ်...
Saintလဲ perthရင်ခွင်ထဲက ထွက်လိုက်ကာ perthနဲ့အကြည့်ချင်းဆုံလိုက်တယ်...
"ကလေး...ကိုယ့်ကိုနားလ်ာပေးပါကွာ...ကိုယ် အခုလက်ရှိသူမနဲ့ပြတ်ဆဲဖို့မဖြစ်နိုင်စေသးဘူး..ဒါကြောင့် မင်းကို နာကျင်ထိခိုက်ကြေကွဲစေမယ်ဆိုရင် ကိုယ်စိတ်မကောင်းပါဘူးလို့ပြောပရစေနော်..."

"ရပါတယ် p'saint ကျနော် စောင့်နိုင်ပါတယ်..
အချစ်စစ်ဆိုတာ တခါတရံနောက်ကျမှရောက်လာတတ်သလို အချစ်စစ်ဖြစ်ဖို့ဆို အချိန်တေကိုဖြတ်ကျော်ပြီးမှ ရလာတဲ့ စိန်ပွင့်လေးတပွင့်တဲ့''

Perthစကားကြောင့် saintပြုံးလိုက်မိတယ်
ကောင်လေးဟာ တခါခါ သူမဟုတ်တဲ့အတိုင်းပဲ ချွဲလွန်းတယ် တခါတလေကျ ပြိုကျလာတော့မဲ့မိုးတိမ်လိုပဲ မျက်နှာကိုသုန်မှုန်ထားတာ အသဲယားစရာကောင်းလှတယ်...

"P'က ဘာပြုံးတာလဲ ''
Saintပါးတထက်ကို လိမ်ဆွဲကာ မေးတော့တယ်..

"ဘာရယ်မဟုတ်ပါဘူး မင်းစကားတွေက လူနဲ့မှမလိုက်ဖက် ချွဲနေလို့ပါ...''

"ကျနော်ကချွဲတာမဟုတ်ဘူး ချစ်တတ်တာ''

"ဟုတ်ပါပြီ အရှုံးပေးပါတယ် မင်းကို... ကဲ အလုပ်ဆက်လုပ်ပြီးအပြင်မှာ  နေ့လည်စာ ထွက်စားရအောင်''

"ဟုတ်ကဲ့ ''
အလေးပါပြုပြီး ပြောတဲ့ကလေးလေး ခေါက်ခေါက်ပစ်ချင်တယ်...

အခုတော့လဲ မိုးရွှာပြီးကာစကောင်းကင်ကြီးမှာ  နေမင်းကြီးနဲ့အတူ သက်တန့်ပါ ထွက်လာသလို စိတ်ထဲမှာ ကြည်လင်သွားတယ် ဒါဟာ အချစ်ရဲ့အစွမ်းတွေလား

"ဟေး..perth''

Saintတို့ ပေါ့ပေါ့ပါးပါးဘဲ လမ်းဘေးဈေးဆိုင်မှာ  နေ့လည်စားနေတုန်း လူငယ်လေးတဦး ပခုံးလာပုတ်တယ်...

"ဟာ...P'plan ပါလား ဟော p'meanလဲ ပါတာပဲ..
အယ် စုံတွဲလိုက် ဘာလာလုပ်တာလဲ Dateလား?''

All abou YouWhere stories live. Discover now