Perth အိမ်ပြန်လာသော်လဲ p'က ကျောင်းတဖက်နဲ့မို့မတွေ့ဖြစ်ဘူး.....
Perthလဲ ပုံမှန်အတိုင်းပဲ အခန်းထဲဝင်ကာ သီချင်းနားထောင်နေရင်း p'ကို စောင့်နေလိုက်တယ်..
မိုးသာလင်းသွားတယ် p'ပြန်မလာသေးဘူး
မဟုတ်မှလွဲရော သူ့ချစ်သူနဲ့များ..မဟုတ်လောက်ပါဘုး..Perthလဲ တွေးနေရင်းနဲ့မှ အိပ်ပျော်သွားတယ်....
"Perth..perth ထတော့ ကိုယ်မနက်စာပြင်ထားတယ်...''
P'saint...သူ့ကို လာနိုးတာ ချစ်သူ.. ချစ်ရတဲ့သူပါလား
"P'saintဘယ်အချိန်ကပြန်ရောက်တာလဲ ကျနော် တညလုံးစောင့်နေတာ...''
P'saintလက်ကလေးကို ကိုင်ကာသူမေးလိုက်မိတယ်..
P'က ပြုံးကာ သူ့လက်ကို ပြန်ဆုပ်ကိုင်ထားတယ်.."ကိုယ့်သူငယ်ချင်းတယောက်အဖေဆုံးလို့ သွားကူနေတာ...အစောနလေးတင်ပြန်ျရာက်တာ..''
Perthလဲ အိပ်ယာနိုးနိုးချင်းမို့...အာပုပ်စော်နံမစိုး၍ အိပ်ယာဘေးမှာ ချထားတဲ့ ချိုချဉ်ခွက်ထဲက ချိုချဉ်တလုံးယူစားလိုက်တယ်...
"Perth..''
"ဟင်...''
"P'လဲ ချိုချဉ်စားချင်တယ်..''
"P'saintကလဲ ချိုချဉ်စားချင်တာများ ယူစားပါ့...ဟင်p'....''
Perthပြောနေတုန်း p'saintက ခေါင်းခါကာ perthရဲ့ ပါးစပ်ကို လက်ညိုးထိုးပြမှ...
သူ့ပါးစပ်ထဲက ချိုချဉ်ကို ဆိုလိုချင်တာကိုး..သူပျော်သွားတယ်....
သူလဲ p'saintလက်ကို ဆွဲကာ သူ့ဘေးကို လှဲချလိုက်ပြီး မျက်နှာချင်းဆိုင်လိုက်တယ်..."P'..ကျနော့်ကို ချစ်လား?''
Perthတိုးတိုးလေး နားနားကပ်ကာ မေးလိုက်တော့ p'saintက ပခုံးလေးကို တွန့်လိုက်တယ်..
"ယားတယ် ကလေး...''
P'saintရဲ့ အခေါ်ဝ်ါကြောင့် perthမျက်မှောက်ကုပ်လိုက်မိတယ်..
YOU ARE READING
All abou You
Fantasyကိုယ့်မှာဆိုင်သူရှိပြီးသားနဲ့ အခြားတယောက်ကို ချစ်လို့မရဘူးလား တချိန်က ကိုယ်လဲ သူ့ကို ချစ်ခဲ့တာပဲလေ... အခုချိန်မှာ သူ့ထက်ချစ်တဲ့သူပေါ်လာတာ.. ကိုယ်လုပ်ကြံရည်ရွယ်ခဲ့တာမှမဟုတ်တာ... အကယ်၍ ကိုယ်မင်းကိုမချစ်တော့ဘဲ ချစ်ပါတယ်ဆိုပြီး စိတ်တေက အခြားတယောက်ဆီရောက်...