ဘာလိုလိုနဲ့ သူတို့ဘဝလေးထဲကို pinနဲ့sonဝင်လာခဲ့တာ ငါးလမျှရှိခဲ့ပြီ..
ငယ်ဟာလဲ ကျောင်းတတ်ရင်း မိုဘိုင်းပစ္စည်းရောင်းဝယ်ရေးကုမ္မဏီအသေးလေးကို ဝန်ထမ်းလေးဆယ့်ငါးယောက်နဲ့ ဖွင့်ထားနိုင်ခဲ့ပြီ...
Saintလဲ ခြံထဲမှာပဲ တက္ကသိုလ်ကျောင်းသားကျောင်းသူတေကို အနီးကပ်ကျူရှင်ပြပေးဖြစ်တယ်...
Nueဆိုတဲ့ ဆယ့်ငါးနှစ်အရွယ် ကလေးမလေးတယောက်လဲ ခေါ်ထားတယ် အမေ့ဘက်ကပါတဲ့ တူမလေးပါ...
Saintမအားရင် pinနဲ့sonကို ကြည့်ပေးဖို့ပေါ့....
"Sae sae...Sae sae ရေ...pinလေးက သမီးကို ကုတ်ဆွဲတယ်... ''တယ်ဆိုကာ nueက ဧည့်ခန်းထဲက လှမ်းတိုင်တယ်..
Nueက သူ့ကို Sae saeလို့ခေါ်တာ...
"ဟုတ်လား မောင်လေးက ချစ်လို့လုပ်တာပဲ ခံလိုက်ပါ nueရဲ့ ဒီမှာ ဦး နေ့လည်စာလုပ်နေတယ် ခနလေး သည်းခံလိုက်နော် ဟုတ်ပလား ''
သူဖျောင်းဖြကာ ဒယ်အိုးထဲ ဆီလောင်းထဲ့ပြီး ငယ်ကြိုက်တဲ့ အားလူးချောင်းလေးတေ ထဲ့ကာကြော်လိုက်တယ်...ပုဇွန်ဟက်းတခွက် ကြက်ချိုချဉ်တခွက်နဲ့ မုံညင်းဖြူလေးတခွက်ကြော်ကာ အရည်သောက်လေးတခွက်ချက်ထားလိုက်တယ်...
ကလေးတေအတွက်ကတော့ မုံလာဥနီရယ် ကန်ဇွန်းဥရယ် ပဲနီလေးရယ် ပုဇွန်အကောင်သေးသေးလေတေရယ်ကို မပျစ်မကျဲလေး ကြိုထားပေးလိုက်တယ်...
ချက်ပြုတ်ပြီးတော့ အဝတ်လျှော်စက်ထဲ အဝတ်တေထဲ့ကာလျှော်ခဲ့ကာရေမိုးချိုးရတယ်....
ပြီးတာနဲ့ ကလေးတေကို ထမင်း(အစောနကချက်တဲ့ဖြည့်စွက်စာ)ကျွေးဖို့ လုပ်တယ် sonကို သူအရင်ကျွေးပြီးမှ pinကို ကျွေးရတယ်...
Pinလေးက အရမ်းအေးတယ် တော်ရုံမငိုဘူး nueနဲ့နေတယ်... sonလေးက နဲနဲအဆော့သန်တယ် nueနဲ့ သိပ်မနေချင်ဘူး....
"ဟေ့...saint ''ဆိုကာ ဝင်လာတာ planပါ....
"အေ...လာလေ plan...ဘယ်ကလှဲ့လာတာလဲ Meanရော....''
"Meanက သူ့ Summer Fashion weekတွက် အလုပ်ရှုပ်နေတယ်... ငါလဲ ပျင်းလို့ နင့်ဆီ ထွက်လာလိုက်တာ အယ် son ထမင်းတေအများကြီး စားတာပဲရော်...pin လာ လာ ဦးဆီလာ pinကို ဦးကျွေးမယ် ''ဆိုကာ
Pinလေးကျိုကာက်ချီကာ ထမင်းတေခွံနေလေရဲ့..."ငါတို့အဖွဲ့လဲ နင်တို့ကလေးလေးရောက်လာပြီးမှ မဆုံဖြစ်တော့ဘူးနော်...''
"အင်း ငါနဲ့ ငယ်လဲ အလုပ်တဖက် ကလေးတဖက်နဲ့ တပတ်မှာ တရက်လောက်သာ မျက်နှာချင်းဆိုင်ရတာ တနင်္ဂနွေတရက်ထဲ ကလေးတေကိုယ်စီချီပြီး ဈေးဝယ်ထွက်ရင်း ပန်းခြံလေးဘာလေးသွားရတာ ကျန်တဲ့နေ့တေတော့ အလုပ်တေတပုံစီနဲ့ ညပဲ တွေ့ရတာ... ''
"ညပဲတွေ့ရတော်ရောပေါ့ ဟဟဟ...''
"ဟဲ့ ကလေးရှေ့ကို.... ''
Planစကားကြောင့် Saintက ရှက်သွားရသလောက်
Planက ရယ်နေလေရဲ့...."ဟော ကားသံကြားတယ်ငယ် ထမင်းပြန်လာစားတာနေမှာ.... ''ဆိုကာ သူရော planပါ အိမ်ရှေ့ထွက်ကြိကြတယ်..
ဟုတ်တယ် ငယ်ပြန်လာတာ...
"P'planရောက်နေတာလား ...ထမင်းစားသွားလေ...ချစ် ကျနော် ရေချိုးလိုက်အူးမယ်နော် ပြီးရင် ကျနော်ပါ ထမင်းပွဲပင်ကူမယ်
YOU ARE READING
All abou You
Fantasyကိုယ့်မှာဆိုင်သူရှိပြီးသားနဲ့ အခြားတယောက်ကို ချစ်လို့မရဘူးလား တချိန်က ကိုယ်လဲ သူ့ကို ချစ်ခဲ့တာပဲလေ... အခုချိန်မှာ သူ့ထက်ချစ်တဲ့သူပေါ်လာတာ.. ကိုယ်လုပ်ကြံရည်ရွယ်ခဲ့တာမှမဟုတ်တာ... အကယ်၍ ကိုယ်မင်းကိုမချစ်တော့ဘဲ ချစ်ပါတယ်ဆိုပြီး စိတ်တေက အခြားတယောက်ဆီရောက်...