All about you...Final part

1.3K 42 1
                                    

"ဟာ...မင်းတို့ နှတွဲက ချိန်းထားပြီးပြန်လာတာလား''

Perthတယောက် markတို့အတွဲနဲ့ p'titleတို့အတွဲအတူပြန်လာတယကို လှမ်းထေ့လိုက်ခြင်းပါ..

P'titleက သူပြောတာ မကြားသလိုပင်

"ဟေ့ရောင်တေ ငါတို့နဲ့အတူ ဧည့်သည်ပါလာတယ်...အိမ်ရှေ့မှာ ရစ်သီရစ်သီလုပ်နေလို့ ''ဆိုကာ Titleက သူ့အနောက်က လူကို ပြလိုက်တယ်....

"ဘယ်သူလဲ ခမျ...''ဆိုကာ ချစ်က အနောက်ဖက်ကနေ မေးတယ်...

သူတို့နဲ့ပါလာတာ အဝတ်စားနဲနဲနွမ်းနွမ်းနဲ့ စုံတွဲ(ကျားမ)ကုပ်ကုပ်လေးရပ်နေတာ တွေ့လိုက်ရတယ်...

"အရင်ထိုင်ပါစေအူး saintရာ...လာ အကိုနဲ့အမ လာ ဝင်ပါဗျ....''ဆိုကာ p'earthက ဦးဆောင်ကာ ခေါ်လိုက်တယ်

Perthကိုယ်တိုင်ရော ချစ်ရော နားမလည်ဖြင့် ပါးမလည်ဖြင့်
အနောက်က လိုက်သွားကာ perthက markဖက်ကို လှဲ့ကာ ဘာတေလဲဆိုတဲ့ ပုံစံဖြင့် မေးငေါ့ပြတော့  ခေါင်းခါပြတယ်...

အခန်းထဲမှ p'planအမေ အန်တီပါ ရောက်လာကာ လူစုံတတ်စုံဖစ်သွားမှ

"ကဲ အကိုက စပြောလိုက်ပါ ဘသူတေလဲဆိုတာ...ကျနော်ကိုယ်တိုင်လဲ ဘာမှ ရေရေရာရာနားမလည်လို့ပါ....''လို့ p'titleက စပြီး စကားစလိုက်တယ်...

ထို အကိုဆိုသူက မရဲတရဲဖြင့် စကားစပြောတော့တယ်...

"လွန်ခဲ့တဲ့ ငါးလကျော်က... ဟို...ကျနော်တို့ လင်မယားက ဆွေကြီးမျိုးအိမ်ကပါ... အခြေနေအကြောင်းကြောင့် အခုလိုမျိုး နုံချာနေကြရတာပါ.. ဒါကြောင့် ငွေလိုချင်လြို လာလိမ်တယ် မထင်ပါနဲ့ဗျာ...''

"ဟုတ်ပါတယ် မောင်လေးတို့ရယ်...အမတို့ မတတ်သာလို့သာ လုပ်ခဲ့ရတဲ့ကိစ္စတေမို့ပါ''ဆိုပြီး မိန်းမဖြစ်သူကပါ စကားဟလာတယ်..

သူတို့ ဘာတေပြောနေမှန်းလဲ သူမသိပါဘူး..နားလဲမလည်ဘူး

သူ့နည်းတူ ချစ်ကလဲ ခေါင်းရှုပ်ဟန်ဖြင့် မျက်နှာမုန်ကုတ်နေတယ်....

"အကိုတို့ လင်မယား လွန်ခဲ့တဲ့ နှစ်နှစ်ကယူခဲ့တာပါ...နှဖက်အသိုသ်းဝိုသ်းက စီးပွားပြိုင်ဖက်တေမို့ အကိုတို့ကို သဘောမတူပါဘူး.. ဒီကြားထဲက ယူခဲ့ကြပြီး မိဘတေစွန့်ပစ်တာ ခံခဲ့ကြရတာပါ...နှယောက်သား ဘွဲ့ရပညာတတ်ပေမဲ့ မိဘတေအဆက်အသွယ်ဖြင့် အလုပ်ကောင်းကောင်းမရကြဘဲ ကြုံရာကျပန်းတေ လုပ်ကိုင်ခဲ့ရတယ်...အကိုတို့ယူပြီး တနှစ်ကျော်တော့ အကိုတို့ တားဆီးထားတဲ့ကြားက အကို့မိန်းမမှာ ကိုယ်ဝန်ရှိသွားတယ်...အစကတော့ မွေးပြီး တတ်နိုင်သလောက် ပြုစုမယ်ပေါ...ဒါပေမဲ့ အကို့မိန်းမလေးဟာ ကိုယ်ဝန်လွယ်ထားပြီးနောက်ပိုင်း အလုက်မလုပ်နိုင်တော့ဘဲ အိပ်ယာထဲ လဲသွားခဲ့တော့ အကို့ လုပ်စာနဲ့ မလောက်ငှမိုင်တော့ဘဲ ကလေးကိုတောင် ရိုးရိုး ဘေးအိမ်က လက်သည်နဲ့မွေးရတာ...''

All abou YouWhere stories live. Discover now