All about you29

584 38 3
                                    

အခန်းတံခါးက ခန်းစီးလေးလှုပ်သွားလို့ ငယ်များလားလို့ သူကြိလိုက်တော့ planတို့တေ ဝင်လာကြတာ...

ငယ်မပါဘူး...

ငယ်ဘယ်ကိုရောက်နေပါလိမ့် ငယ် သူ့ကို တကယ်ပဲ စိတ်ခုနေတာလား ဟုတ်မှာပါ ငယ်သူ့ကို စိတ်ဆိုးနေတာ...

"ဟေး..သတ္တိခဲကီး သတိရပြီလား?''

Planက သူ့ကို စနိုင်သေးတယ်...အျစာက အချိန်တေမှာ meanနားကပ်ပြီး ကြောက်နေတာ သူမဟုတ်တဲ့ အတိုင်းပဲ...

"နင်ကြောက်နေတာမဟုတ်ဘူးလား ငါမြင်သလောက် နင့်ဘဲနားအသေကပ်နေတာလေ''gunက saintအစားဝင်ချဲပေးတယ်...

"နေအူး perthကို မတွေ့ပါလား သူအရင် saintဆီထွက်သွားတာလေ...ဘယ်သွားလိုက်တာလဲ ''တဲ့ meanရဲ့ အမေးကြောင့် saintအူကြောင်ကြောင်ဖြစ်သွားရပြီ...

သူ့ဆီအရင်ဖွက်ဘာတယ်တဲ့ ငယ်က..ရောက်မှမလာတာ

"ဟင့်အင်း မလာဘူး ငါမျှော်နေတာ... ငါ့ကိုများစိတ်ဆိုးနေလားဟာ...ငါက သူတယောက်ထဲ ရင်ဆိုင်ဖြေရှင်းနေရမှာစိုးလို့ အကုန်လုံးပြေလည်မယ်ထင်လို့ လုပ်ခဲ့တာ ငါက သူ့အတွက် အရှုပ်များဖြစ်သွားပြီလားနော်...''

Saint မငိုပါဘူး... ဒါပေမဲ့ မျက်ရည်ဝဲလာကာ အသံမှာ ငိုသံကပ်ပါလာတယ်...

"ဟာ..saintကလဲ နင်လုပ်တာမှန်ပါတယ်...အခုဆို ငါတို့ကြောင့် အဘတို့တရွာလုံးအေးချမ်းရပြီ...ပြီးတော့ နိုင်ငံအတွက်လဲ မူးယစ်ဆေးဝါးရောင်းချနေတဲ့ ဂိုဏ်းတဂိုဏ်းလဲ ချေမှုန်းပြီးသားဖြစ်သွားပြီ...အေ...နင်မှန်တယ်ဆိုပြီး အငယ်လေး မှားလားဆိုတော့ အငယ်လေးလဲ မမှားပါဘူး..သူက သူ့ကျေးဇူးရှင်အတွက် သူကူညီပေးချင်တဲ့စိတ်ကြောင့်လေ...''

Gunက ဝင်၍ထောက်ပြပြောပြတယ်...

ငယ်ရေ...ကိုယ်မမှားဘူးတဲ့ ငယ်ကရော အခုလိုတွေးရဲ့လား?

အခု ငယ်ဘယ်မှာများလဲ?ကိုယ် ငယ့်ကိုတွေ့ချင်တယ်.. ငယ်ပခုံးလေးပေါ်မှီပြီး ငယ့်ကို တောင်းပန်စကားတေဆိုချင်တယ်..ငယ့်ရဲ ထွေးပွေ့မှု ငယ့်ရဲ့ နူးညံ့တဲ့ အနမ်းတေကိုလဲ လိုချင်တယ် ငယ် ကိုယ်မင်းကို လိုအပ်နေတယ်...

All abou YouWhere stories live. Discover now