"ကိုကို.. အဘက မြို့ပေါ်သွားရအောင်တဲ့...ဆေးတေနဲ့ ရွာကလူတေမှာတဲ့ ပစ္စည်းတေဝယ်ရလို့တဲ့..''
Kue kue စကားကြောင့် သူဖတ်လက်စ စာအုပ်ကို ချထားခဲ့လိုက်တယ်...
သူ ဒီကို ရောက်နေတာ တလလောက်ရှိပြီ...အဘက တေးဆိုင်လေးနဲ့ ကုန်စုံဆိုင်လေးတွဲဖွင့်ထားတာ...
ဆေးလေကုရင်း ပိက်ြဆံလေးရတော့ အဘအနေနဲ့ အသက်ကြီးမှ ပင်ပင်ပန်းပန်းရှာစရာမလိုတော့ဘူး...
အခုမှ သူနေကောင်းသွားလို့ သူ့ကို မြို့ခေါ်သွားမှာ..
သူ့ခေါင်းထဲမှာ သူ့အိပ်မက်ထဲကသူပို သူတွေ့ချင်နေတာ အခုတော့ သူကံကောင်းရင် ထို့သူကို တွေ့ရနိုင်တယ်...
သူတို့နေတဲ့ရွာလေးက တအားမခေါင်ပေမဲ့ ရှေးရိုးစွဲကြီးလို့ သူတို့ ရွာကနေ အပြင်ကို သိပ်မထွက်ကြဘူး..
အဘကိုသာ လိုချင်တာလေးတေမှာကြပြီး သိုသိုသိပ်သိပ်နေကြတာ..."သွားစို့ လူလေး....ဟိုရောက်လို့ မင်းနေခဲ့တဲ့နေရာဆိုရင် မသ်းပြန်မှတ်မိချင်မှတ်မိလာမှာ..''
"ဟုတ်...''
သူနဲ့ အဘ ရွာကနေ ခြေကျင်လျှောက်လာပြီး လမ်းကျယ်ကျယ်နားရောက်တော့ ဆိုင်ကယ်သမားတေတွေ့တယ်...
ပြီးမှ ဆိုင်ကယ်စီးကာ မြို့ထဲသွားဖို့ ထွက်တဲ့ ဘတ်စ်ကားဂိတ်ကို လာရတယ်...သူမောနေသလောက် အဘကတော့ ချွေးတောင်မထွက်ပါဘူး
သူကတော့ အရင်က ဘာလုပ်ခဲ့တဲ့ သူလဲမသိပေမဲ့
သူအလုပ်ကြမ်းမလုပ်ခဲ့ရတော့ သေချာတယ်..
ဘာလို့ဆို ရွာမှာနေစဉ် ထင်းပေါက်ဖို့ ပုဆိန်ကိုင်လဲ ခနပဲ မကိုင်နိုင်ဘူး ပေါက်လဲမပေါက်တတ်ခဲ့ဘူး...ျဟာ...ကားဂိတ်ရောက်ပြီ....
လူတော့ သိပ်မရှိပါဘူး ကားပေါ်မှာ... လူနဲတော့ အဘက တခုံသက်သက် သူက တခုံ သက်သက်ထိုင်တယ်..
အဘကတော့ အိပ်နေတယ် သူကတော့မအိပ်နိုင်ပဲ လမ်းတေကို လိုက်ကြိနေမိတယ်...
တနေရာ အရောက် သူ့ခေါင်းထဲမှာ ပုံရိပ်တချို့ ထင်ဟပ်လာတယ်...သူ ကားမောင်းနေတယ်...ပြီးတော့ ဖုန်းပြောနေတယ်...
သူ့လက်တေကလဲ တဆတ်ဆတ်တုန်နေပြီး တခုခုကို စိုးရိမ်နေသလို..ပြီးတော့ သူ့ကားရှေ့ကို... အား....သူ့အတွေးတွေကို မမြင်ချင်လောက်အောင် မျက်လုံးတေမှိတ်ထားလိုက်မိတော့တယ်
YOU ARE READING
All abou You
Fantasyကိုယ့်မှာဆိုင်သူရှိပြီးသားနဲ့ အခြားတယောက်ကို ချစ်လို့မရဘူးလား တချိန်က ကိုယ်လဲ သူ့ကို ချစ်ခဲ့တာပဲလေ... အခုချိန်မှာ သူ့ထက်ချစ်တဲ့သူပေါ်လာတာ.. ကိုယ်လုပ်ကြံရည်ရွယ်ခဲ့တာမှမဟုတ်တာ... အကယ်၍ ကိုယ်မင်းကိုမချစ်တော့ဘဲ ချစ်ပါတယ်ဆိုပြီး စိတ်တေက အခြားတယောက်ဆီရောက်...