All about you20

726 39 2
                                    

Saintမှာ မိဘတွေမရှိကြတော့လို့ အထူးသဖြင့် မေမေ...

မေမေမရှိတော့တာ ဆယ့်သုံးနှစ်ကျော်သွားပြီမို့ perthမေမေကို တွေ့တဲ့အချိန်မှာ မေမေ့ကို လွမ်းသွားရတယ်..

"သား...စားနော် မေမေက စားသောက်ဆိုင်ဖွင့်ထားတာ ဒါတေမကြိုက်ရင် စားချင်တာပြော မေမေချက်ကျွေးမယ် ''

အရမ်းကို ချောလှတဲ့ ငယ်လေးမေမေဟာ ဝဝတုတ်တုတ်ဖြူဖြူဖွေးဖွေးလေးနဲ့ ဆံပင်ရှည်ကြီးတေနဲ့ပါ မိတ်ကပ်မကူဘဲ မျက်နှာက ရှင်းသန့်နေတာ ကျက်သရေရှိလှတယ်...

"ရပါတယ် မေမေ သားစားတတ်တယ် ကြိုက်လဲကိုက်ပါတယ်''

"ဟုတ်ပါပြီ ဟဲ့ သားငယ် ကိုယ့်အကိုကို ထဲ့ပေးလေ သူ့ချည်းစားနေတာကြိစမ်း''

ငယ်လေးတို့များ သူ့မေမေရဲ့ လက်ယာ တရုတ်စာတေကို အားရပါးရစားနေတာ ပလုပ်ပလောင်းနဲ့

ကိုလာခွက်ကို မကာ ဂလုဂလုဆို မော့ချသောက်လိုက်ပြီး

"မေမေ ဒါ သားအကိုမဟုတ်ဘူး သားချစ်သူ ''တဲ့လေ
လူဆိုးကောင်လေး ဘာတေပြောမှန်းမသိဘူး
လူကြီးတေကို စိတ်ညစ်အောင်လို့...

"သားကို p'yolက p'saintဆီအပ်ပေးထားတာမှန်ပေမဲ့ p'saintက သားအပေါ် အဖခင်နဲ့တူသော ယောင်္ကျား
မိခင်နဲ့တူသော မိန်းမဆိုသလို သားအပေါ် မခင်မေတ္တာလိုရော ဖခင်မေတ္တာလိုရော လိုလေးသေးမရှိ စောက်ရှောက်ထိန်းသိမ်းပေးတယ် သားအခုလို ဖေဖေတို့ မေမေတို့ဆီ ပြန်ရောက်လာနိုင်တာလဲ p'saintကျေးဇူးတေအများကြီးပါ မေမေ
သား p'saintကို ချစ်တယ် ဒါကြောင့် မေမေသဘောတူပေးပါလို့ ပြောချင်တယ်...''

Saintမှာ ငယ့်စကားတေနားထောင်ပြီး ငယ့်ရင်ထဲက သူ့အပေါ် အထင်ကြီးလေးစားစိတ်တေ သ်ူကိုချစ်မြတ်နိုးတဲ့စိတ်တေကို မြင်တွေ့လိုက်ရတယ်...

ငယ်ရေ...ငယ်ဆိုတာလဲ ကိုယ့်အတွက် သိပ်အဖိုးတန်တဲ့ လူသားချစ်သူလေးပါ...
ငယ်ဟာလဲ အရွယ်နဲ့မလိုက်အောင် ရင့်ကျက်ပြီး သဘောထားကြီးတဲ့ ကလေးပါ..ဒါကြောင့်လဲ ကိုယ်က အချစ်ပိုနေရတာပေါ့...

"သားငယ်...မေမေ့ကို သားဒီလောက်ထိရှင်းပြဖို့မလိုပါဘူး
မေမေတို့ သားအနားမှာမနေနိုင်ပေမဲ့ သားဟာ ရွေးချယ်မှုမှန်ကန်တဲ့ ဆုံးဖြတ်ချက်ကောင်းကောင်းချနိုင်မှန်း မေမေသိကာတယ်...ပြီးတော့ သားsaint''ဆိုကာ

All abou YouWhere stories live. Discover now