Saintမှာ ငယ်လေးကို ကြိရင်း ရင်မောစွာ သက်ပြင်းတချက်ချလိုက်မိတယ်
ဒါပေမဲ့လဲ အခုလို သူ့အနားပြန်ရောက်လါတာကိုပဲ ကျေးဇူးတင်ရမယ်..
မသေကောင်းမပျောက်ကောင်း အတိတ်မေ့သွားတယ်ဆိုတာ ကုယူလို့ရတဲ့အရာမဟုတ်တဲ့အတွက် သူ ငယ်လေးကို အချိန်ပေးစောက်ရှောက်ရမယ်....
Planတို့လဲ ရောက်တုန်းနေအူးမယ်ဆိုကာ အခန်ယူကာ သွားနားနေကြတယ်..
ငယ်လေးကိစ္စဖြစ်တုန်းက meanတောင် သူ့အလုပ်တေကို သေချာဂရုမစိုက်နိုင်လိုက်ဘူး..
Meanက fashion designerလေ...သူ့ fashion weekကို ကမ်းခြေတခုမှာ လုပ်မယ်ဆိုတော့ သူတို့နဲ့အတူ ဒီဟော်တယ်ကိုလာတာလေ
ငယ်လေး accidentဖြစ်တော့ ရက်တေနောက်ဆုတ်လိုက်ရတာလေ...
အခုတော့ ပြန်စီစဉ်မယ်လို့ပြောတာပဲ...
ငယ်လေးကို သူ့အခန်းမှာထားထားတာမို့ သူ ထမင်းဟင်းတေယူပြီးအခန်းထဲဝင်ခဲ့တယ်
"Perth...''
"ဗျာ...''
"မင်းအတွက် ကိုယ် ထမင်းနဲ့ဟင်းယူခဲ့တယ် စားလိုက်အူး...''
Saintလဲ ငယ်လေးနားသွားချပေးကာ ပြုံး၍ပြောလိုက်တယ်..
saintဆိုသူ ထမင်းပန်ကန်ဖြင့်ဝင်လာတော့ သူဒါမျိုးတေရင်းရင်းနှီးနှီးမြင်ဖူးသလိုနဲ့ အာရုံတေထွေပြားလာတော့တယ်..
သူမြင်ရတာတေကို ထင်ထင်ရှားရှား သိချင်လာတာနဲ့ အတင်းမျက်လုံးမှိတ်စဉ်းစားနေမိတော့တယ်.."အား..ခေါင်းတေပူလိုက်တာ....''
"ငယ်လေး... ဘာတေလျှောက်စဉ်းစားနေတာလဲ ဘာမှလျှောက်မတွေးနဲ့ အချိန်ကျလာရင်အားလုံးမှတ်မိလာလိမ့်မယ်...ကိုယ်ကိုကိုမနှိပ်စက်နဲ့... ''
Saintဆိုသူက သူ့ကို အရိပ်တကြည့် ကြိနေသယောင် သူ့အနားအလျင်အမြန်ရောက်လာတယ်...
သူ saintကို ကြိရင်း သူ့ရဲ့ ရင်တေအဆမတန်ခုန်လာပြန်ရော..
တကယ်ပဲ ငါ အရင်က သူ့ကို ချစ်ခဲ့တာလား?
"ကျနော်က အရင်က ဘလိုပုံမျိုးလဲ ကျနော်က ဆိုးလား? ကျနော့်မိဘတေက ဘယ်ကလဲ ဘယ်မှာလဲ ကျနော့်ကို ပြောပြပါလား''
YOU ARE READING
All abou You
Fantasyကိုယ့်မှာဆိုင်သူရှိပြီးသားနဲ့ အခြားတယောက်ကို ချစ်လို့မရဘူးလား တချိန်က ကိုယ်လဲ သူ့ကို ချစ်ခဲ့တာပဲလေ... အခုချိန်မှာ သူ့ထက်ချစ်တဲ့သူပေါ်လာတာ.. ကိုယ်လုပ်ကြံရည်ရွယ်ခဲ့တာမှမဟုတ်တာ... အကယ်၍ ကိုယ်မင်းကိုမချစ်တော့ဘဲ ချစ်ပါတယ်ဆိုပြီး စိတ်တေက အခြားတယောက်ဆီရောက်...