All about you11

865 70 5
                                    

Perth ကားမောင်းနေရင်း တလျှောက်လုံး p'saintဘာမှမဖြစ်ဖို့ ဆုတောင်နေတာ ယေရှုတောင် နားပူနေလောက်ပြီ...

"🎵🎵🎵🎵''

Shit
အရေးထဲ ဖုန်းကလာသေးတယ်..
ကြိလိုက်တော့ p'saintဖုန်းပဲ ..ဘာများထူးလို့ပါလိမ့်....

"Hello...''

"Hello.. perthလား?....''

ဟင် p'saintအသံပါလား.....

"P'saintလား....သက်သာရဲ့လားp'ရယ် ...ပြောတော့....''
"ကိုယ် ဘာမှမဖြစ်ဘူး..အစောနက ကိုယ် သန့်စင်ခန်းခနသွားတုန်း chaiလူတယောက်ကို လျှောက်ပြောခိုင်းတာ..ကိုယ်ဘဲ အခုမှ ကမ်းခြေကိုရောက်လို့ သိတာ''

"ဟာဗျာ...ဘာလို့ ဒါမျိုးစရတာလဲ..ကျနော်က လမ်းတဝက်တောင်ရောက်နေပြီ....''

"ကိုယ်လဲ ခုပဲ chaiနဲ့စကားများထားတာ သူ့ကို ကိုယ် လမ်းခွဲလိုက်ပြီ perth မင်းပြန်လာခဲ့တော့နော်...ကိုယ်စောင့်နေမယ်...''

ဟာ p'saintနဲ့ p'chai ပြတ်သွားပြီတဲ့..
မပျော်သင့်မှန်းသိပေမဲ့ သူအရမ်းဝမ်းသာသွားရတယ်..

"P'...ဒါဆို ကျနော် ပြန်လှည့်လာ....ဟာ.....ဟာ......ဂျိုင်း......ဒိန်း.........အုံး........''

Perthစကားမဆုံးခင် မျက်စိရှေ့ကို ဆိုင်ကယ်တစီး မှောက်ပြီး တုံးလုံးလှဲလာလို့ အကွေ့ လမ်းဘေးသစ်ပင်နဲ့ တိုက်မိသွားတယ်....

"Perth...perth....ဘာဖြစ်တာလဲ....perth''

Perthအသိစိတ်မလွတ်အောင်မနဲထိန်းထားနေရင်းမှ ခေါင်းထဲကနေ တဆစ်ဆစ်နာကျင်ရတဲ့ဝေဒနာကို ခံစားလိုက်ရတယ်...တကိုယ်လုံးလဲ နာကျင်နေပြီး လူကလှုပ်လို့မရ

P'saintနဲ့ ပြောနေတဲ့ ဖုန်းကအခုထိ မကျသွားသေးပေမဲ့ ဖုန်းကဘယ်မှာလဲ သူမမြင်နိုင်တော့ဘူး..
လူက အမှောင်ထဲ ရောက်သွားသလို အမှောင်အတိဖုံးသွားပြီ...

..........
သူလေထဲ လွင့်သလို လမ်းလျှောက်နေတာ ပေါ့ပါးနေတယ်..
သူ့ရှေ့မှာ လာဗန်ဒါပန်းခင်းကြီးရှိနေတယ်..ရေအိုင်လေးလဲရှိသလို တံတားအတိုလေးတစင်းလဲ ရှိတယ်..
ပြီးတော့ တံတားလေးထိပ်မှာ ခြေထောက်တွဲချထိုင်နေတဲ့ လူရွယ်တဦး..ထိုလူရွယ်က သူ့ကို မြင်တော့
"Perthလာခဲ့ ငါးလေးတေလဲ ရှိတယ် လာကြိကြိ''ဆို၍ခေါ်နေတာပေါ့
ထိုလူရွယ်က သူ့ထက်တော့ အသက်ကြီးမဲ့ပုံပဲ..
သူ့ကိုမြင်တော့ perthအလိုလို ဝမ်းနဲလာကာ မျက်ညရ်တေပါ စီးကျလာခဲ့တယ်..
Perthစဉ်းစားမနေတော့ပဲ ထိုလူရွယ်ဆီပြေးသွားဖို့ ခြေလှမ်းပြင်လိုက်တယ်....

All abou YouWhere stories live. Discover now