All about you 25

564 28 1
                                    

"ကျနော် အဘနဲ့ လိုက်ခဲ့မယ်လေ... ''

ငယ့်စကားကြောင့် ငယ့်ကို သူမျက်ခုံးပင့်ကာ ကြိလိုက်မိတယ်..

ငယ် သူကဖြင့် အခုမှ ဆေးရုံးဆင်းတာ တပတ်ပင်မပြည့်သေး  ဘဲ ခရီးကြမ်းသွားမို့တွေးနေသေးတယ်...

"မရပါဘူး...ကိုယ်ပြောပြမယ်...အဘပြောတဲ့သူတေက ဆေးသမားတေ လက်ရဲဇက်ရဲနဲ့ သေနတ်တေတောင်ကိုင်တာဆို အရမ်းအန္တရယ်များတယ်...''

"ဒါနဲ့ပဲ ကျနော် ညမလေးကို မကယ်ရတော့ဘူးလား p'saint''

ငယ်နဲ့ သူ စကားအချေအတင်များကြတယ်..

"နေပါစေ လူလေးရေ အဘ ကိုယ့်ကို နည်းလမ်းရှာပါ့မယ်''

"အဘ...ကျနော်လိုက်ခဲ့မှာ ခနပဲစောင့် ''

"မလိုက်ရဘူးလို့ပြောနေတယ် ငယ်...''

"P'saintဘာဖြစ်နေတာလဲ အဘက ကျနော့ကျေးဇူးရှင်ပါ ကျနော်ကူညီမှဖြစ်မှာပေါ့...''

"ကိုယ်တို့ အခြားနည်းလမ်းတေစဉ်းစားကြမယ် ဟုတ်ပြီလား''

Saint ငယ့်ကိုေုဖာင့်ဖျတဲ့စကားဆိုလိုက်တယ်...

"ကျနော်တို့ စဉ်းစားဖို့အချိန်ယူနေတုန်း ညမလေးနဲ့ အဘတို့ရွာကို ဆေးသမါးတေက တခုခုလုပ်လိုက်ရင် ဘလိုလုပ်မလဲ ကျနော် မစောင့်နိုင်ဘူး p'saint...ကျနော့် အကောင့်ထဲကငွေထုတ်ပြီး အဘနဲ့ လိုက်သွားမယ်...''ဆိုကာ အတင်းအထုပ်အပိုးတေ ထဲ့ပြီး အဘနဲ့ ထွက်သွားတော့တယ်...

Saintလဲ ချက်ခြင်းပင် meanကို ဖုန်းဆက်ရတယ်..

Meanအဖေက ရဲမှုးလေ...ပြီးတော့ gun... သူ့အဖေလဲ ရဲပဲ...

သူအားလုံးကို ဆက်သွယ်ပြီးချိန်မှာ သူတို့ငါးယောက်စုံလိုက်တယ်...

Titleနဲ့earthကိုတော့မခေါ်တော့ပါဘူး

သူတို့က ဟော်တယ်နဲ့ဆိုတော့ အလုပ်များတယ်လေ..

"မင်းက ဘလိုစဉ်းစားထားလဲ အဖေတို့တော့ အဲ့နယ်မြေဖက် စုံစမ်းဖို့ လူလွှတ်လိုက်ပြီ...''

Meanက မေးတယ်.. သူကတော့ အကြံမထွက်သေးတော့ စဉ်းစားနေရတုန်း ငယ်ကတော့ ခေါင်းမာစွာပါသွားပြီ...

All abou YouWhere stories live. Discover now