All about you..Part2

1.2K 74 0
                                    

ညနေစာစားဖို့ perthထွက်လာတော့
P'saintက ထမင်းစားပွဲမှာ စောင့်နှင့်နေပြီ...

သူလဲ ဘာရယ်မဟုတ် လျိုးတိုးရှန်းတန်းဖြစ်နေမိတယ်..
နေ့လည်က သူအပေါ်ပိုင်းဗလာကျင်းနဲ့ p'ကိုထွက်တွေ့ရတာ
အခုထိရှက်နေမိတယ်..
ရေက မီးပျက်သွားတော့မလာတော့တာလေ..
ကိုယ့်ကိုတုံးမှန်းမသိဘူး

"လာ ..ညီ ထိုင်...ဘာကြိုက်မှန်းတော့မသိဘူး
ကိုယ်ကတော့ ချက်တတ်တာလေးတော့ချက်ထားတယ်
ဒါက..ကြက်သားကုန်းပေါင်ကျော်...ဒါလေးက ပုဇွန်ပေါက်လေးတေချက်ထားတာ...ကြိုက်လား စားလို့ဖြစ်လား''

စကားပြော သိပ်ချိုသာတယ်...p'yolဆို
စောက်ဂျီးမများနဲ့ ရှိတာစား မင်းလဲချက်နိုင်တာမဟုတ်ဘူးနဲ့
တခြားဆီ...တကယ်ကိုတခြားဆီ

"ညီ..ကြိုက်လားလို့...''

P'saintက ထပ်မေးလာမှ ''ဟုတ် စားနိုင်ပါတယ်''လို့ပြန်ဖြေမိတယ်

သူဘာဖြစ်မှန်းမသိ p'ကို ရှိန်နေမိတယ်

"နက်ဖြန် ကျောင်းလိုက်ခဲ့နော်..ဆရာတေနဲ့ မိတ်ဆက်ထားပေးမယ်...နောက်ကျထားတာတေ ပြန်မေးလို့ရအောငိ''

"ဟာ..ရတယ်ဗျ..ကျုပ်က လူကြီးတေနဲ့စကားသိပ်မပြောတတ်ဘူးဗျ...ကွကို လိုက်လေ့လာလိုက်မယ်..
ကျုပ်စာမလုပ်ချင်တာပဲရှိတယ်...
ကျုပ် ငပိန်းမဟုတ်ဘူး''

သူ ဖက်ကနဲပန်ခံပြောပြီးမှအားနာသွားတယ်
နေပါစေတော့...စားပြီးတော့ သူထသွားလိုက်တယ်

"ညစာတွက် ကျေးဇူးP'... ''

အခန်းထဲပြန်ဝင်လာပြီး နားကြပ်ကိုနားထဲတပ်ပြီး
သီးချင်းသံအဆုံးထိချဲ့ပြီး
အကြိုက်ဆုံးဝတ္ထုဖတ်နေလိုက်တယ်

သူ လူတေနဲ့ သိပ်ပြီးမပတ်သတ်ချင်ဘူး
ရင်းနှီးပြီးမှ သူစိမ်းတေပြန်မဖြစ်ချင်ဘူး
အချစတ်ေ မေတ္တာတေလဲ အယုံကြည်မရှိဘူး
အားလုံး ခနတာပဲ... လတ်ဆက်နေတုန်းသာတန်ဖိုးထားပြီး
ရိုးအီသွားပစ်ချထားခဲ့ကြမှာ.....

"ဒေါက် ဒေါက်..........''

တံခါးခေါက်သံ...p'ဘာပြောအူးမလဲမသိ
တံခါးစွားဖွင့်လိုက်တော့ နွားနို့ခ်က်နဲ့ p'saint

All abou YouWhere stories live. Discover now