All about you....19

747 36 1
                                    

Saintနဲ့အတူ perth ဖေဖေအိမ်အရင်လာလိုက်တယ်..

ဖေဖေက အဘွားတို့အိမ်နားပဲနေတာမို့ ဘွားဘွားဆီ အရင်သွားဖို့စဉ်းစားလိုက်ကာ လမ်းထိပ်က martမှာ အသီးအနှံလေးနဲနဲပါးပါးဝယ်ကာ အဘွားအိမ်ဖက်လျှောက်လာကြတယ်...

လမ်းတလျှောက်က ဈေးတန်းကြီးကိုဖြတ်ပြီးမှ လမ်းနဲနဲထပ်လျှောက်ကာမှ အဖွားအိမ်ရောက်မှာလေ...

မေမေပိုင်ဆိုင်ခဲ့တဲ့ ဈေးဆိုင်တန်းတေကို p'saintကို လက်ညိုးထိုးပြနေမိတယ် တဝမ်းကွဲအဒေါ်ရောင်းတဲ့ဈေးဆိုင်ကိုလဲ ဝင်၍နုတ်ဆက်လိုက်သေးတယ်..

အဖွားအိမ်ဘေးက သူတို့မိသါးစုအရင်နေခဲ့တဲ့တိုက်အိမ်လေးကို p'saintကို ပြရင်း သူဝမ်းနဲလာရတယ်...

အဖွားခြံရှေ့မှာ ခနရပ်လိုက်ရင်း ခြံထဲမှာ ကြီးကြီးကိုအရင်တွေ့လိုက်ရတယ်

ဖေဖေက အမတေညီမတေကြားက တဦးတည်းသောသားလေ.

ကြီးကြီးကအပျိုကြီးပါ အသက်တေလဲကြီးလှပြီဆိုတော့ အဖွားရဲ့ညီမလိုတောင်ဖြစ်နေပြီ...

"ကြီးကြီး... ''

"ဟယ်...သားငယ် perth... လာ လာ လာခဲ့ ''

"ကြီးကြီးနေကောင်းလား?''

"အေ..ကောင်းတယ် မေမေ.. မေမေ့မြေးလေးလာတယ်..N' yinရေ နင့်တူလာတယ်...''

ကြီးကြီးက တအိမ်လုံးအော်ခေါ်ရင်း အလုပ်ရှုပ်သွားတယ်..

အဖွားအိမ်ဘေးမှာ ဆောက်လက်စတိုက်ကြီး...

"ဟင်...ဖေဖေ....''

မထင်မှတ်ဘဲ ဖေဖေကို ထိုအိမ်ထဲကထွက်လာတာတွေ့လိုက်ရတယ်...

ဖေဖေကန်ထရိုက်ယူထားနာနေမှာ...ဖေဖေက ဆောက်လုပ်ရေးကန်ထရိုက်တာလေ...
အိုစာသွားလိုက်တာ ဖေဖေရယ်...
အဝတ်စားကလဲနွမ်းဖက်လို့....

"သား...လာလေ..အထဲဝင်လာ ဧည့်သည်လဲပါတာကိုး...လာ လာ...''

ဖေဖေက သူ့ကို အပစ်ဂှိသူတဦးလို မျက်နှာအောက်ချကာပြောတယ်..

P'Saintလက်ဘေးကို ဆုပ်ကိုင်လိုက်တော့P'saintက လက်ကိုပြန်ရုန်းတယ် သူမလွှတ်ပေးဘဲ အိမ်ထဲဝင်လိုက်တယ်..

All abou YouWhere stories live. Discover now