All about you 24

615 29 2
                                    

ကျွန်တော့် ဘဝတလျှောက်လုံး မိဘာတွေနဲ့ တကွဲတပြားနေလာရပြီး တဦးတည်းသော အကိုဆိုတာလဲ သူ့အိမ်ထောင်နဲ့သူ မို့ သူဟာ လောကကြီးထဲမှာ တယောက်ထဲဖြတ်သန်းရှင်သန်လာရတာ အချစ်ဆိုတာကိုလဲ အယုံအကြည်မရှိပါဘူး မလိုချင်ပါဘူး ဆိုတဲ့ စိတ်က လူတကိုယ်လုံးကို လွမ်းမိုးထားခဲ့တာ..

အချစ်တဲ့... ကျနော်မယုံကြည်ခဲ့ဆုံးသောအရာ...

ဒါပေမဲ့ P'saint ဆိုတဲ့ လူသားလေးနဲ့တွေ့ဆုံပြီးနောက် ကျနော့်ဘဝကြီး အများကြီးပြောင်းလဲသွားရပြီ...

အချစ် ကျနော် အလိုချင်ဆုံးအရာဖြစ်လာပြီး...
ကျနော်အလိုအပ်ဆုံး ကျနော့် ချစ်သူအဖြစ် ကျနော့်ဘဝထဲမှာ အရာအားလုံးထက် P'saintက အရေးပါတယ်...

ကျနော့်ဘဝကြီးက အရင်က ခြောက်ကပ်ကပ်နိုင်သလောက်

P'saintနဲ့တွေ့ပြီးနောက်မှာ

ကျနော် Markဆိုတဲ့ သူငယ်ချင်းကောင်းတယောက်ရလာပြီး သူ့ဘေးက သူ့ချစ်သူ p'gunဟာလဲ သူ့မိတ်ဆွေဖြစ်လာကာ...

ကျနော့်အကို ဝမ်းကွဲp'planနဲ့ သူ့ချစ်သူ ကျနော့်သူငယ်ချင်း meanဟာလဲ ကျနော့်ရဲ့ အကောင်းဆုံးမိတ်ဆွေအဖြစ် ရှိနေကြတယ်...

P'saintနဲ့ ပတ်သတ်ပြီး သိခဲ့ရပြီး အကိုနှယောက်ရလိုက်ကာတယ် သူတို့က P'Titleနဲ့ P'Earthတို့ပါပဲ...

ကျနော့် ဘဝတဆစ်ချိုးအပြောင်အလဲဖြစ်သွားစေတဲ့ ကားaccidentတခုမှာ ကျနော့်အတွက် ဖခင်တဦးနဲ့ ညီမလေးတယောက်လဲ ရှိခဲ့ဖူးပြီ...

ကျနော်ဟာ အရင့်အရင်အချိန်တေက တယောက်ထဲ လောကကြီးမှာ ရှိနေသလို ခံစားနေရပြီး p'saintဟာ ကျနော့်ဘေးကို မိတ်ဆွေတေ အချစ်တေ မေတ္တာတေအများကြီး သယ်ဆောင်လာပေးတဲ့ ကျနော့်ရဲ့ အချစ်နတ်ဘုရားပါပဲ...

ကျနော်အခု ဆေးရုံပေါ်မှာ ရှိနေတဲ့အတောတွင်း ကျနော့်ဘေးမှာရှိတာ ကျနော့် အသွေးအသားရင်းတေမဟုတ်ပဲ ကျနော်နဲ့ ဘာသွေးမှမတော်ဘဲ ကျနော့်အတွက်သပ်သက်တည်ရှိပေးနေသလို ဖြစ်တည်မှုနဲ့ ကျနော့်အနားရှိနေပေးတဲ့ ကျနော့အချစ် P'saintပါပဲ...

All abou YouWhere stories live. Discover now