All about you35

589 29 1
                                    

သူတို့ အိမ်ကို ပြန်ရောက်တာနဲ့ ချက်ခြင်း Planအမေကို ဆက်သွယ့ကာ ဆေးရုံသို့မသွားဘဲ အိမ်မှာဘဲ ကုဖို့စဉ်းစားလိုက်ကြတယ်..

Planအမေရောက်တာနဲ့ အဖျားတိုင်းတော့ အဖျားက သိပ်မရှိဘဲ ကိုယ်တေက ခြစ်ခြစ်တောက်ပူနေတာ ဘာကြောင့်များလဲ?

အမှန်တော့ ဖျားတာက Pinလေးပါ...Sonကပါ ယောင်ရမ်း၍ဖျားတာ... သူတို့မိဘတေမွေးတုန်းက အချင်းခွဲမမြုပ်လို့များလား?

Saintရော perthရော ခြမကိုင်မိ လက်မကိုင်မိနဲ့ လူက ထူပူနေကြတာ..

စိတ်တေက ကိုယ့်ကိုအပစ်တင်ရမလား? Nueပဲ စိတ်ဆိုးဂမလားပဲ?

"Nue... ကလေးတေကို ဘာကျွေးလိုက်သေးလဲ?''

Saint က ကုတင်အောက်မှာ ကျုံ့ကျုံ့လေးထိုင်နေတဲ့ nueကို မေးလိုက်တော့...ငိုမဲ့မဲ့ဖြင့် perthမျက်နှာလေးကို ကြိတယ်..

ငယ်က ကလေးတေနဲ့ပတ်သတ်လာရင် သူ့ကို ခနခနဆူဖူးလို့လေ..

"ပြောပါ nue...ကိုကို မဆူဘူး ပြော ''လို့ ငယ်က မေးတော့မှ သက်သာရာရသွားသလိုနဲ့

"Nue.... သီဟိုဠ်စေ့ကျွေးလိုက်မိတာ....ကျွေးစက ဘာမှမဖြစ်ဘူး ခနနေတော့ pinလေးက အန်တယ် ပြီးတာနဲ့ ငိုတော့တာပဲ နောက် ကိုယ်တေပါ ပူလာတာ..''တဲ့လေ..

Planမေမေက ခေါင်းတငြိမ့်ငြိမ့်နဲ့ ''ဒါဆို ကလေးတေက သီဟိုဠ်စေ့နဲ့မတည့်တာလား? သမီး အဲ့တာမကျွေးခင် ဘာကျွေးသေးလဲ? "လို့ ထပ်မေးတယ်..

"ဘာမှမကျွေးဘူး ကြီးကြီး သမီး နို့ဘူးပဲတိုက်တာ တကယ်ပါ..''ဆိုကာ Nueငိုလေရော...

Saintလဲ Nueကို ဖက်ထားလိုက်ပြီး ချော့လိုက်တယ်

"မငိုနဲ့Nue ဘာဖြစ်လဲသိရင် ကလေးတေက ကောင်းသွားမှာ Nueကိုလဲ မဆူပါဘူး သိလား?''

"ဒါဆို အစာအဆိပ်သင့်သလိုဖြစ်တာနေမှာ ...ရပါပြီ ဒါဆို ဘာလုပ်ရမလဲ သိပြီပဲ စိတ်တအားမပူကြနဲ့တော့ ဟုတ်ပီလား? သွားသွား ရေမိုးချိုးကြ ရှစ်ယောက်လုံး မေမေ စားစရာ မှာထားလိုက်မယ် သွားကြ...''လို့ ပြောမှ အားလုံး အခန်းကိုယ်စီဝဝင်ကာ ရေချိုးဖို့ လုပ်ကြတယ်..

All abou YouWhere stories live. Discover now