Part-3: EXTRA

8.3K 710 35
                                        

Yibo တယောက်ထုံးစံအတိုင်း ရူတင်အပြီးအိမ်ပြန်လာသည်။ 24 floor နှိပ်ရန်ပြင်လိုက်တဲ့ ကိုယ့်လက်ကိုကိုယ်ကြည့်ရင်း တစုံတယောက်ကိုသတိရမိသည်။ ဟင်းခနဲ သက်ပြင်းချရင်း နာမည်လေးတောင် မသိတဲ့ကိုယ့်အဖြစ်ကိုကိုယ် ရယ်မိသည်။
ဓါတ်လှေကားတံခါးပိတ်ခါနီး လက်မတင်လေးအလို ခဏလေး ခဏလေးဟု လူတယောက်ပြေးလာသံကြားလိုက်ရသည်။
Yibo ဝမ်းသာအားရ တံခါးပြန်ပွင့်စေသည့် ခလုတ်ကိုဖိနှိပ်လိုက်သည်။
သို့သော် Yibo မြင်ချင်သည့်သူမဟုတ်။

Zhuo Chengး အာ...Yibo. Thank you.
(ထူးထူးဆန်းဆန်း အရင်ကဆို ကြားလဲမစောင့်ပဲ တက်သွားတာ။ ခုမှကြားသားမိုးကြိုး။ နက်ဖြန်ထီထိုးဦးမှလေ)

Yiboး ရပါတယ်။
(မြင်ချင်သောသူ မဟုတ်ပေမဲ့လဲ အခွင့်ကောင်းတော့လက်လွတ်ခံလို့မဖြစ်ဘူးလေ)
Zhuo Cheng မင်းငါ့ပန်းကန်တွေပြန်မပေးရသေးဘူးနော်

Zhuo Chengး 😱😱 ငါမေ့နေတာ ခုရောက်ရောက်ချင်းလာပေးလိုက်မယ်။

Yiboး ရပါတယ်။ အလောတကြီးမလုပ်ပါနဲ့

Zhuo Chengး **သူပဲတောင်းတုန်းကတောင်းပြီး ခုချက်ချင်းပဲ နောက်တမျိုးပြောပြန်ပြီ။ ယူကဘာလား??**

Yiboး ဒါနဲ့မင်း သူငယ်ချင်းကို ကျေးဇူးတင်ကြောင်းပြောပေးပါ။ စားလို့မဆိုးဘူး အဆင်ပြေတယ်လို့။ သြော်ဒါနဲ့သူ့နာမည်က ဘာတဲ့လဲ။ မင်းရဲ့သူငယ်ချင်းရောဟုတ်ရဲ့လား??

Zhuo Cheng ဘယ်ကစဖြေရမှန်းမသိ ဖြစ်သွားသည်။ သူများချက်ကျွေးတာလဲစားသေးတယ်။ ကောင်းရင်ကောင်းတယ်ပေါ့ မဆိုးဘူးလေး ဘာလေးနဲ့ အချေကောင်။ စိတ်ထဲကျိန်ဆဲနေမိသည်။ ပြီးတော့ ဘာတဲ့?? သူငယ်ချင်းရောဟုတ်ရဲ့လားဆိုတာ ဘာကြီးတုန်း?? ဘာမေးလို့ ဘာပြန်ဖြေရမှန်းတောင်မသိ။

Zhuo Chengး အင်းတွေ့ရင်ပြောလိုက်မယ်။ သူက ဝေ့ရင်းတဲ့။ ငါ့ငယ်သူငယ်ချင်း။ ပြောရမယ်ဆိုရင်တော့ သူငယ်ချင်းထက်တော့ပိုပါတယ်။

Yiboး 🤨🤨 (Yibo မျက်ခုံးတဖက်ပင့်ရင်း မျက်ထောင့်နီနဲ့လှမ်းကြည့်လိုက်သည်)

Zhuo Cheng ကျောရိုးတပြင်လုံး အေးစိမ့်စိမ့်ခံစားလိုက်သည်။ ပြီးမှသူပြောတာ ဘယ်လိုသဘောဖြစ်သွားမှန်းသိပြီး ပြာပြာသလဲစကားပြန်ပြင်ပြောလိုက်ရသည်။

My Missing JigsawsPuzzle Piece(ပျောက်ဆုံးခဲ့သောကိုယ့်ဘဝရဲ့အစိတ်အပိုင်း-Complete)Where stories live. Discover now