နေ့တဒူဝအလုပ်တွေကြား Yibo တို့စက်ယန္ဒရားတွေလိုပြန်လည်ပတ်ရလေသည်။ ဒီနေ့နဲ့ဆို သူဝေ့ရင်းနဲ့မတွေ့ရသည်မှာ ၂ ပတ်ရှိပြီ။ JJ Bar မှာဝေ့ရင်း သေချာပေါက်ရှိမည်ဆိုတာသိလည်း ဝေ့ရင်းကို ထိပ်တိုက်သွားတွေ့ဖို့ကျတော့ သူ့ခြေလှမ်းတွေကတွန့်ဆုတ်နေသည်။
"ငါ တစ်ယောက်တည်းနေပါရစေ" လို့ဆိုလာတဲ့
မျက်ရည်စတွေနဲ့ဝေ့ရင်းကို သူပြန်မြင်ယောင်တိုင်း လက်ဝဲဘက်ရင်အုံကအောင့်တက်လာသည်။ Yibo နားမလည်နိုင်... အဲ့နေ့က အခြေအနေတွေ ဘာလို့ရုတ်တရက်ကြီးဆိုးရွားသွားမှန်း....ညညဆို ဝေ့ရင်း တို့တိုက်အောက်ဖက်ကို ဆိုင်ကယ်လေးနဲ့ခြေဦးတည့်မိသည်။ တိုက်အောက်ကနေ မီးလင်းနေတဲ့ ဝေ့ရင်းအခန်းလေး မီးမှိတ်သွားတာကြည့်ပြီးမှ သူအိမ်ပြန်ဖြစ်သည်။
ချစ်တဲ့ခံစားချက်ဆိုတာ ဒီလိုကြီးလား ဝေ့ရင်း???
ငါမင်းကို ရယူလိုတာလဲမဟုတ်ဘူး... ပိုင်ဆိုင်ချင်တာလဲမဟုတ်ဘူး....
ဒီအတိုင်းလေး....ဒီတိုင်းလေးပဲ မင်းရှိနေတယ်ဆိုတဲ့ အသိလေး.... မင်းကိုမြင်တွေ့နေခွင့်ရနေတယ်ဆိုရုံလေး...
အဲ့ဒါလေးနဲ့တင်.....ငါ့ကမ္ဘာကြီးတခုလုံးအလိုလို ပြီးပြည့်စုံနေတာမျိုး.....လူသူကင်းမဲ့နေတဲ့ တိတ်ဆိတ်ခြင်းတွေဖုံးလွှမ်းထားတဲ့ညတညမှာ ကော်ဖီခွက်လေးကိုင်ရင်း ဝရန်တာထက်ကနေ ငွေသော်တာလမင်းကြီးကို ခပ်ဆွေးဆွေးလေးငေးနေတဲ့ ကောင်လေးတယောက်ကို
အမှောင်ထဲကနေ လွမ်းဆွတ်တမ်းတခြင်းများစွာနဲ့ကြည့်နေတဲ့ ကောင်လေးနောက်တယောက်ရှိနေကြောင်း လမင်းကြီးနဲ့လေနုအေးအေးလေးကလွဲပြီးသိနိုင်ပါ့မလား???
............................................................................
ဝေ့ရင်း POVYibo ငါတောင်းပန်ပါတယ်.... ငါမင်းကိုနာကျင်အောင်လုပ်သမျှ မရည်ရွှယ်ပဲဖြစ်ခဲ့ကြတာပါ....
အခွင့်ကြုံတဲ့တနေ့ အရာရာဖွင့်ပြောရင်း မင်းရှေ့မှာဒူးထောက်တောင်းပန်လိုက်ချင်ပေမယ့်...
ခုလိုဘာမှမသိပဲ အပူအပင်မဲ့တဲ့ဘဝလေးမှာပဲ မင်းကိုငါဆက်ရှင်သန်စေချင်တယ်။
ငါက ဘဝအဆက်ဆက် မင်းအတွက် ကံကြမ္မာဆိုးတွေကိုအမြဲသယ်ဆောင်လာသူပါ..
ငါနဲ့ပတ်သတ်နေသရွေ့ မင်းအပေါ်ဒုက္ခဆိုးတွေပဲကျရောက်လာမယ်...
ဒီတခေါက်တော့ မင်းအပေါ်ကျရောက်လာမဲ့အန္တရာယ်တွေအတွက် ငါ့ကိုအလုံးစုံကာကွယ်ခွင့်ပေးပါ...

VOUS LISEZ
My Missing JigsawsPuzzle Piece(ပျောက်ဆုံးခဲ့သောကိုယ့်ဘဝရဲ့အစိတ်အပိုင်း-Complete)
Fanfiction"ဆုတောင်းတခု မှားခဲ့ရင် ဘဝအဆက်ဆက် ပြန်ပေးဆပ်ရတတ်တယ်တဲ့...... တကယ်လို့ မင်းနဲ့ချစ်ခွင့်ရဖို့ဆုတောင်းမိတဲ့ ငါ့ရဲ့တခုတည်းသောဆုတောင်းဟာ မှားခဲ့တယ်ဆိုရင် ဘဝအဆက်ဆက်မက မပြီးဆုံးနိုင်တဲ့သံသရာအထိ ပြန်ပေးဆပ်ရမယ်ဆိုလည်း ငါအဲ့ဒီဆုတောင်းကိုပဲ ထပ်တလဲလဲဆုတောင်းနေဥ...