လန်ကျန့် POV
သူ့လက်မောင်းလေး ခေါင်းအုံးအိပ်ကာ အိပ်မောကျနေသော ချစ်သူက မထိမတို့ရက်လှအောင်ပင် လှပလွန်းနေသည်.....
လှောင်ချိုင့်လေးထဲထည့်ကာ အာခံတွင်းထဲပဲငုံထားချင်မိတော့သည်။
နှုတ်ခမ်းအောက်နားကမှည့်နက်လေးကို လက်မလေးနဲ့ဖွဖွပွတ်ရင်း စိတ်မထိန်းနိုင်သည့်အဆုံး နှုတ်ခမ်းလေးကိုဖိကပ်ခါနမ်းလိုက်မိသေးသည်။
(ထိုအနမ်းသည် သူ့အတွက်နောက်ဆုံးအနမ်း ဖြစ်နေမည်ကိုတော့ သူမသိလိုက်ပါ..... သိခဲ့မယ်ဆိုရင်အနမ်းအစား မလွှတ်သောလက်တစုံပဲတင်းတင်းကြပ်ကြပ်ရှိနေခဲ့လိမ့်မည်။)ချစ်ကြည်နူးခဲ့ကြတဲ့အချိန်လေးနဲ့ ချစ်ရသူရဲ့အမူအရာလေးတွေ....
ချစ်ရသူပါးစပ်ဖျားထံမှ တိုးတိုးညင်သာစွာ သူ့နာမည်ခေါ်သံလေးတွေ...
ချစ်ရသူရဲ့အပြာနုနုမျက်ရည်ဥလေးတွေ.....
ပြန်တွေးရင်း ဝေလီဝေလင်းအချိန်တောင် ရောက်တော့မည်ဖြစ်၍ တညလုံးပင်ပန်းထားခဲ့သမျှအတွက် သူမျက်လုံးလေးမှိတ်လိုက်သည်နဲ့ အိပ်မောကျသွားခဲ့ပါပြီ။
………………………………….….………………….
ဝေ့ရင်း POVနှုတ်ခမ်းအောက်ကမှည့်နက်လေးကို ခပ်ဖွဖွကိုင်ရင်း နမ်းလာတဲ့နွေးထွေးစိုစွတ်တဲ့ အနမ်းလေးကြောင့် သူ့ရင်ထဲမြားပေါင်းတစ်ထောင်နဲ့ပစ်စိုက်ခံလိုက်ရသလို......
သူသိနေတယ်.....ဒါဟာ ချစ်ရသူလန်ကျန့်ဆီက သူ ထာဝရသိမ်းဆည်းထားရတော့မယ့်နောက်ဆုံးနှုတ်ဆက်အနမ်းလေး....
မျက်ရည်မကျအောင်အနိုင်နိုင်ထိန်း မျက်လုံးကိုစွတ်မှိတ်ပြီးသူအိပ်ချင်ယောင်ဆောင်ခဲ့ရသည်။
အပူရုပ်ဟန်လုပ်ပြီးအိပ်ချင်ယောင်ဆောင်နေရတဲ့ သူ့နှလုံးသားကတော့ အစိတ်စိတ်အမွှာမွှာကွဲအက်နေပြီ။
ချစ်ရသူကိုနောက်ဆုံးလက်ဆောင်အဖြစ်ပေးနိုင်တဲ့ အကောင်းဆုံးသောအရာသည် သူ့ရဲ့ပထမဦးဆုံးတွေပဲဖြစ်လိမ့်မည်။
ခြေကုန်လက်ပန်းကျကာ နောက်ဆုံးအိပ်ပျော်သွားသော ချစ်သူရင်ခွင်မှအသာအယာတိုးထွက်ပြီး နောက်ဆုံးအနမ်းလေးကိုသူပြန်ပေးခဲ့သည်။

YOU ARE READING
My Missing JigsawsPuzzle Piece(ပျောက်ဆုံးခဲ့သောကိုယ့်ဘဝရဲ့အစိတ်အပိုင်း-Complete)
Fanfiction"ဆုတောင်းတခု မှားခဲ့ရင် ဘဝအဆက်ဆက် ပြန်ပေးဆပ်ရတတ်တယ်တဲ့...... တကယ်လို့ မင်းနဲ့ချစ်ခွင့်ရဖို့ဆုတောင်းမိတဲ့ ငါ့ရဲ့တခုတည်းသောဆုတောင်းဟာ မှားခဲ့တယ်ဆိုရင် ဘဝအဆက်ဆက်မက မပြီးဆုံးနိုင်တဲ့သံသရာအထိ ပြန်ပေးဆပ်ရမယ်ဆိုလည်း ငါအဲ့ဒီဆုတောင်းကိုပဲ ထပ်တလဲလဲဆုတောင်းနေဥ...