"ဟုတ်တယ်....
ဒါပေမယ့်သူပျော်တယ်....
သခင်လေး""ဦးလေးကျန်း"
#################################Unicode
"ဟုတ်တယ်....
ငါ....မင်းကို....မုန်းတယ်"လဲ့နေတဲ့မျက်ရည်ဝဲဝဲတွေကြား တုန်ယင်နေတဲ့နှုတ်ခမ်းအစုံကထွက်ကျလာတဲ့ စကားလုံးတွေက သူ့ရင်ကိုဟက်တက်ခွဲလိုက်တာပဲ...
ဒါပေမယ့်သူပျော်တယ်....
ဒါသူဖြစ်စေချင်တဲ့ ဆန္ဒပဲလေ....
ခုတော့ နားနဲ့ဆက်ဆက်ကြားရပြီပေါ့....
ရုတ်တရက် ငြိမ်နေရာမှလှုပ်လာတဲ့ မျက်နှာဖုံးနဲ့လူကို Yibo ငုံ့ကြည့်လိုက်တယ်....
ချွန်မြနေတဲ့ ဓါးထိပ်က အပေါ်ကိုတက်လာတယ်...
Yibo သူတချက်ဆောင့်ဆွဲပြီး တွန်းထုတ်တာခံလိုက်ရတယ်....ကတ္တရာလမ်းပေါ် လဲကျသွားသူက....
ဝေ့ရင်း....Yibo မျက်လုံးတွေပြာသွားတယ်....
**ဘာလို့လဲ....နှစ်ချက်တောင်မှ....ဘာလို့လဲ**
ရုတ်တရက် Yibo နောက်ကျောဘက်ဆီကနေ ကားသံတွေနဲ့အတူ ကားမီးတွေထိုးလာတယ်....
လူသုံးယောက်လောက်က Yibo ကိုအတင်းဆွဲတယ်...."သခင်လေး....သခင်လေး.....မြန်မြန်သွားရအောင်....
သခင်လေး""ဦးလေးကျန်း"
တုန်ယဉ်နေတဲ့လက်တွေနဲ့ ဦးလေးကျန်းပုခုံးကိုကိုင်ပြီး
"ဦးလေးကျန်း....ဝေ့ရင်း....ဝေ့ရင်း သေပြီလား"
ဦလေးကျန်းကဘာမှပြန်မပြော....
"မြန်မြန် သခင်လေးကိုခေါ်သွားကြတော့"
နောက်ပြန်လှိမ့်ကာမောင်းထွက်သွားတဲ့ကားရဲ့ နောက်မှန်ကနေ ကတ္တရာလမ်းပေါ်မှာ လဲကျသွားပြီး ပြန်မထလာတော့တဲ့လူတယောက်ကို Yibo နောက်ဆုံးမျက်လုံးတွေထဲကတဖြေးဖြေးဆီပျောက်ကွယ်သွားတဲ့အထိ လှည့်ကြည့်နေခဲ့မိတယ်....
#################################

KAMU SEDANG MEMBACA
My Missing JigsawsPuzzle Piece(ပျောက်ဆုံးခဲ့သောကိုယ့်ဘဝရဲ့အစိတ်အပိုင်း-Complete)
Fiksi Penggemar"ဆုတောင်းတခု မှားခဲ့ရင် ဘဝအဆက်ဆက် ပြန်ပေးဆပ်ရတတ်တယ်တဲ့...... တကယ်လို့ မင်းနဲ့ချစ်ခွင့်ရဖို့ဆုတောင်းမိတဲ့ ငါ့ရဲ့တခုတည်းသောဆုတောင်းဟာ မှားခဲ့တယ်ဆိုရင် ဘဝအဆက်ဆက်မက မပြီးဆုံးနိုင်တဲ့သံသရာအထိ ပြန်ပေးဆပ်ရမယ်ဆိုလည်း ငါအဲ့ဒီဆုတောင်းကိုပဲ ထပ်တလဲလဲဆုတောင်းနေဥ...