Huo Xuan တယောက် Hotel ရောက်နေသည်။ Yubin ကိုပို့ပေးပြီးဘယ်မှသွားစရာမရှိတဲ့အဆုံး ကျောတခင်းစာလေးတနေရာတော့ရရန် 5 Stars Hotel မှာပဲညအိပ်လိုက်သည်။
(အေးပါ နင်တို့က Rich kids တွေပဲ လုပ်ကြပေါ့ 😏😏)**ငါ့မှာတော့ မင်းကိုအရောက်ပို့ဖို့အရေး လမ်းဘေးအိပ်နေရတယ်။ ခွေးကောင်...အဲလောက်ပို့တာတောင် အဖြစ်ရှိအောင်တောင် မလုပ်နိုင်ရင် ငါ့အဆိုးမဆိုနဲ့**
............................................................................
Yibo ကို ဝေ့ရင်းတယောက် Taxi ပေါ်ကနေမနိုင်မနင်းတွဲလာရသည်။ သူဌေးတွေအိမ်ဆိုတာ တံခါးအထပ်ထပ် ဓါးအထပ်ထပ်မို့ ဘယ်နှစ်ချပ်မှန်းမသိတဲ့ တံခါးတွေလဲဖွင့်ရသည်။ သော့ကတမျိုး ကတ်ကတဖုံ password ကတသွယ် HX မှာတာတွေ သေချာနားထောင်ခဲ့လို့ပဲတော်တော့သည်။ နို့မို့ဆိုအိမ်ရှေ့မှာအိပ်ရမဲ့အဖြစ်။ အရေးထဲမိုးကဖွဲဖွဲရွာသည်။ ခြံဝင်းဂိတ်ထဲကနေ အိမ်ရှေ့အထိကို ၅ မိနစ်လောက်လျောက်ရသည်။ တယောက်တည်းဆိုပြေးသွားရင်ရပေမယ့် ခုတော့ ငမူးတကောင်ပါလာသည်မလား။အပေါ်ထပ်ရှိဖွင့်လို့ရတဲ့ အခန်းတခန်းသို့ Yibo ကိုသူတွဲလာသည်။
**ဟူး...မောလိုက်တာဆိုတာ...လူကြည့်တော့ပိန်ပိန်ရယ်...ဘယ်နေရာကများအလေးချိန်စီးနေတာလဲမသိဘူး...**
ဝေ့ရင်း Yibo ကို သူ့ပုခုံးတွင်မှီစေရင်း တွဲလာခြင်းဖြစ်သည်။ ခုတင်နားရောက်တော့ Yibo လက်ကိုသူ့ပုခုံးမှချကာ ကုတင်ပေါ်ထိုင်စေပြီးနောက် လှဲပေးလိုက်သည်။ ထို့နောက်စိုရွှဲနေသော အင်္ကျီကိုကြယ်သီးတွေဖြုတ်ပြီးချွတ်ပေးလိုက်သည်။ ပြီးနောက် ဘောင်းဘီချွတ်သင့် မချွတ်သင့်စဉ်းစားသည်။
**အင်း သူနဲ့ကအရမ်းရင်းနှီးတာလဲမဟုတ်ဘူး။ မချွတ်သင့်ဘူးနဲ့တူတယ်။ ဒါပေမယ့် ဘောင်းဘီကစိုနေတယ်။ ဖျားသွားလိမ့်မယ်**
ပြီးနောက်အကြံရပြီး ဘောင်းဘီချွတ်ရန်ဆုံးဖြတ်ချက်ချလိုက်သည်။
ပထမဆုံး ဗီဒိုထဲကြည့်တော့ ဘာအဝတ်မှမရှိ။ ဧကန်နလူမနေသောအခန်းဖြစ်ရမည်။
ရေချိုးခန်းထဲချိတ်ထားသော bathrobe ကိုယူ Yibo ကိုအရင်ဝတ်ပေးလိုက်သည်။ ပြီးနောက်ဘောင်းဘီကြယ်သီးနဲ့ Zip ဖြုတ်....ထိုနောက်ဘောင်းဘီဆွဲချွတ်လိုက်လေသတည်း။
YOU ARE READING
My Missing JigsawsPuzzle Piece(ပျောက်ဆုံးခဲ့သောကိုယ့်ဘဝရဲ့အစိတ်အပိုင်း-Complete)
Fanfiction"ဆုတောင်းတခု မှားခဲ့ရင် ဘဝအဆက်ဆက် ပြန်ပေးဆပ်ရတတ်တယ်တဲ့...... တကယ်လို့ မင်းနဲ့ချစ်ခွင့်ရဖို့ဆုတောင်းမိတဲ့ ငါ့ရဲ့တခုတည်းသောဆုတောင်းဟာ မှားခဲ့တယ်ဆိုရင် ဘဝအဆက်ဆက်မက မပြီးဆုံးနိုင်တဲ့သံသရာအထိ ပြန်ပေးဆပ်ရမယ်ဆိုလည်း ငါအဲ့ဒီဆုတောင်းကိုပဲ ထပ်တလဲလဲဆုတောင်းနေဥ...