"ငါမလုပ်ပေးနိုင်ဘူး....sorry ပဲဝေ့ရင်း"
ရှိုက်သံကြီးနဲ့ဆိုပေမယ့် ဝမ်ချောင့်အသံကပြတ်သားသည်။"ဒီကိစ္စလန်ကျန့်မသိဘူးမဟုတ်လား???
လန်ကျန့်လဲ မင်းကိုအရမ်းချစ်တာပဲလေ...
မင်းမရှိတော့ရင် သူလဲဆက်နေမယ်ထင်လို့လား???
ငါကတော့ မင်းမရှိရင်...သေမှာာာာ...သေမှာာာ ဝေ့ရင်းရ"
စကားလုံးတွေကမသဲကွဲ..."အားလုံးတူတူသေကြမယ်....
ဟုတ်တယ်....တူတူသေကြရအောင်ပါ....
မင်း ငါ့ကိုထားသွားလို့ လုံးဝလုံးဝ မရဘူးနော်"ဝေ့ရင်း အကူအညီတောင်းသူ မှားသွားခဲ့ရပြီလို့ သိလိုက်ပြီ။ သူထင်ထားခဲ့တာက ဝမ်ချောင်သူ့ကို အမေးအမြန်းတောင်မရှိဘဲ သူတောင်းဆိုတာလက်ခံလိမ့်မယ်လို့....
"ငါ...ငါခုပဲလန်ကျန့်ကိုသွားပြောမယ်....
အားလုံးတူတူသေမယ်လို့...ဒါပဲ"
ဝမ်ချောင်ကအပြင်ကိုပြေးထွက်သွားခဲ့ပြီ....ဝေ့ရင်းပြေးလိုက်ပေမယ့်မမှီတော့...
ကံကောင်းစွာနဲ့ အပြင်မှာအသင့်စောင့်နေတဲ့ ဦးလေးကျန်းကဝမ်ချောင်ကိုအကြောပိတ်လိုက်တယ်...
ခုတော့ဝမ်ချောင်တံခါးဝမှာတောင့်တောင့်ကြီး...
မောဟိုက်နေတဲ့ရင်အစုံကိုလက်နဲ့ဖိရင်း ဝေ့ရင်းဖြေးဖြေးချင်းဝမ်ချောင်နားကပ်လိုက်သည်။
ခြေတွေပျော့ခွေနေပြီမို့....တောင့်နေတဲ့ဝမ်ချောင်ပုခုံးကိုအားပြုရင်း...စကားတိုးတိုးဆိုလာသည်။
"ငါအခုတောင်းဆိုထားတာ မင်းမလုပ်ပေးလဲရတယ်။
ငါ့မှာနည်းလမ်းတွေအများကြီးပဲ....ဒါပေမယ့် အဲဒီအစားနောက်တစ်ခုတောင်းဆိုပါရစေ ဝမ်ချောင်...
ဟက်....ငါကသိပ်တောင်းဆိုမှုများတာပဲနော်...
ဒါပေမယ့် သေတော့မယ့်သူတစ်ယောက်ဆိုတော့ သည်းခံပေးပါကွာ....ဝမ်ချောင်....ဒါငါရဲ့ရင်ထဲကလာတဲ့ နောက်ဆုံးမင်းကိုတောင်းဆိုမှုပါ...
ငါ့တောင်းဆိုမှုဟာ မင်းအတွက်တရားမှာမဟုတ်ဘူးဆိုတာ ငါသိလည်း ငါ့ရဲ့နောက်ဆုံးဆန္ဒမို့ ဖြည့်စည်းပေးပါ။
YOU ARE READING
My Missing JigsawsPuzzle Piece(ပျောက်ဆုံးခဲ့သောကိုယ့်ဘဝရဲ့အစိတ်အပိုင်း-Complete)
Fanfiction"ဆုတောင်းတခု မှားခဲ့ရင် ဘဝအဆက်ဆက် ပြန်ပေးဆပ်ရတတ်တယ်တဲ့...... တကယ်လို့ မင်းနဲ့ချစ်ခွင့်ရဖို့ဆုတောင်းမိတဲ့ ငါ့ရဲ့တခုတည်းသောဆုတောင်းဟာ မှားခဲ့တယ်ဆိုရင် ဘဝအဆက်ဆက်မက မပြီးဆုံးနိုင်တဲ့သံသရာအထိ ပြန်ပေးဆပ်ရမယ်ဆိုလည်း ငါအဲ့ဒီဆုတောင်းကိုပဲ ထပ်တလဲလဲဆုတောင်းနေဥ...