လမ်းဘေးဓါတ်တိုင်ကဖြာကျနေတဲ့ ဝါကျင့်ကျင့်မီးရောင်အောက် ကားလမ်းမတလျောက်မှာ ဆိုင်ကယ်အနီတစီး တရိပ်ရိပ်ပြေးနေသည်။
ဆိုင်ကယ်ပေါ်မှာတော့ အနက်ရောင်ဝတ်စုံပြည့်နဲ့လူတစ်ဦးရယ်...ခေါင်းမှာပတ်တီးအဖွေးသားနဲ့အသားဖြူလျော့လျော့ကောင်လေးတယောက်ရယ်....
ဟုတ်တယ်...အဲတာ Black King နဲ့ Yibo.
Black King ပြောလာတဲ့ ရုပ်ရှင်ဆန်ဆန် ရူးကြောင်ကြောင်စကားလုံးတွေကို yibo သူခုထိမယုံသေးဘူး။
ဒါပေမယ့် မယုံရအောင်လဲ သူ့အာရုံမှာမြင်ခဲ့ရတာတွေက အိပ်မက်မဟုတ်ဘူး။ သူနာကျင်ခံစားနေရတာတွေကလဲ အတုမဟုတ်ဘူး။
သူ ဝမ်းနည်းခြင်းတွေ၊ တုန်လှုပ်ခြင်းတွေ၊ လူတယောက်ကိုနှစ်နှစ်ကာကာချစ်ခြင်းတွေနဲ့ အဲဒီလူကိုပဲအူလှိုက်သည်းလှိုက်မုန်းတီးခြင်းတွေ
အဲလိုအကုန်ရောပွမ်းနေတဲ့ ခံစားချက်ကို သူခံနိုင်ရည်မရှိဘူး....**ငါ့ နေရာမှာဆိုရင်ရော မင်းတို့တွေဘာလုပ်ကြမလဲ...
ငါ သိပ်ချစ်ရတဲ့ ငါ့မိဘတွေ၊ ပျော်ရွှင်စရာမိသားစုမရှိဘဲ တယောက်တည်းအထီးကျန်ကြီးပြင်းခဲ့ရတာတွေ၊ နေမကောင်းလို့ ဆေးရုံတက်ရရင်တောင် ဆေးရုံမှာလာကြည့်ပေးမဲ့သူမရှိတဲ့ ခံစားချက်တွေ....
အကုန်လုံး...
အဲတာတွေအကုန်လုံးက....
ငါသိပ်ချစ်ရတဲ့သူက ပေးတဲ့လက်ဆောင်တဲ့လား???
ဘယ်လို အင်အားမျိုးနဲ့ ငါယုံကြည်ပေးရမလဲ??
ဘယ်လိုအင်အားမျိုးနဲ့ငါလက်ခံပေးရမလဲ??ငါဘယ်လိုဆုံးဖြတ်ချက်ချရမှာလဲ??
ငါဘယ်လိုပဲဆုံးဖြတ် ဆုံးဖြတ် မင်းဟာက ဆုပ်လဲဆူး စားလဲရူးပါပဲ Wang Yibo ရယ်...**
Black King ရဲ့ဆိုင်ကယ်နောက်မှာလိုက်ပါလာရင်း Yibo တယောက် ဘယ်သူဘယ်ဝှာမှ မမြည်တဲ့သူတွေကို မေးခွန်းထုတ်ရင်း ကိုယ့်ကိုကိုယ်စကားပြောနေမိသည်။
အနည်းဆုံးတော့ ပျောက်ဆုံးနေတယ်လို့ထင်ရတဲ့ သူ့မှတ်ဉာဏ်ကိုတော့ ပြန်ရချင်သေးတယ်လေ...
ဒါမှ သူရှေ့ဆက် ဘာဆက်လုပ်ရမလဲ ကွဲကွဲပြားပြားသိရမှာပေါ့....တပေါက်ပေါက်ကျလာတဲ့ မျက်ရည်တွေကို ဒါဏ်ရာဗရဗွလက်တွေနဲ့သုတ်ရင်း သူ နက်မှောင်နေတဲ့ကောင်းကင်ကြီးကို မော့ကြည့်မိတယ်...
မျက်ရည်တွေများ ပြန်ဝင်သွားမလားဆိုတဲ့စိတ်နဲ့....
YOU ARE READING
My Missing JigsawsPuzzle Piece(ပျောက်ဆုံးခဲ့သောကိုယ့်ဘဝရဲ့အစိတ်အပိုင်း-Complete)
Fanfiction"ဆုတောင်းတခု မှားခဲ့ရင် ဘဝအဆက်ဆက် ပြန်ပေးဆပ်ရတတ်တယ်တဲ့...... တကယ်လို့ မင်းနဲ့ချစ်ခွင့်ရဖို့ဆုတောင်းမိတဲ့ ငါ့ရဲ့တခုတည်းသောဆုတောင်းဟာ မှားခဲ့တယ်ဆိုရင် ဘဝအဆက်ဆက်မက မပြီးဆုံးနိုင်တဲ့သံသရာအထိ ပြန်ပေးဆပ်ရမယ်ဆိုလည်း ငါအဲ့ဒီဆုတောင်းကိုပဲ ထပ်တလဲလဲဆုတောင်းနေဥ...