ငွေလရောင်ဖြာကျနေတဲ့ အစိမ်းရောင်မြက်ခင်းကြီးပေါ်မှာ အချစ်ငှက်လေးနှစ်ကောင်.....
အချစ်ခိုးတွေရီဝေနေတဲ့မျက်လုံးလေးနဲ့ကြည့်လာတဲ့ ချစ်ရသူ....
ခိုခြေရောင်ပတ္တမြားလိုနီထွေးနေတဲ့နှုတ်ခမ်းတစုံက သူ့တပ်မက်ချင်းတွေကိုပိုနိုးကြွစေတယ်....
မြက်ခင်းစိမ်းမှာအိပ်လှဲနေတဲ့အနီရောင်ဝတ်စုံနဲ့ချစ်ရသူက မျက်နှာတွေပန်းရောင်သန်းနေတယ်....
လှရက်လွန်းနေတဲ့ချစ်ရသူမျက်နှာကို အကြာကြီးငေးကြည့်နေမိတယ်။ မျက်တောင်ခတ်ဖို့တောင် နှစ်ဦးသားမေ့လျော့နေခဲ့ကြတယ်။
မြတ်နိုးစွာ မျက်နှာနားတဖြေးဖြေးတိုးကပ်သွားတော့ ချစ်ရသူကမျက်ဝန်းလေးကိုအတင်းမှိတ်တယ်....
မျက်တောင်လေးတွေကတဆတ်ဆတ်တုန်ခါနေပြီး
အောက်နှုတ်ခမ်းလေးကို အသာအယာကိုက်ထားတယ်....ချစ်ရသူကိုကြည်နူးစွာ ပင့်သက်ရှိုက်ကြည့်ရင်းပြုံးမိတော့ ဝင်သက်ထွက်သက်လေလေးတိုးသွားတဲ့ အထိအတွေ့ကြောင့် ချစ်ရသူကအသက်ရှုတွေမြန်လာတယ်....
ပထမဆုံးမင်္ဂလာဦးညရဲ့အငွေ့အသက်လေးတွေ ပုံရိပ်လေးတွေကိုဖြစ်နိုင်ရင် လန်ကျန့်မှတ်တမ်းတင်ထားချင်တယ်။
အမှတ်ရတိုင်းထုတ်ကြည့်ဖို့.....အစွမ်းရှိရင်အချိန်တွေရပ်တန့်ထားချင်တယ်....
ခပ်ဖွဖွအနမ်းချွေရင်း .....
နှုတ်ခမ်းသားနုနုအိအိကို တတိတိကိုက်ရင်းပဲ..... တဖက်နှုတ်ခမ်းလေးအလိုလိုပွင့်ဟလာဖို့ သူစောင့်လိုက်တယ်....သူ့အနမ်းမှာအလိုက်တသင့်လေးပြန်ပါလာတဲ့ မော့တက်လာတဲ့နှုတ်ခမ်းတစုံနဲ့မေးစေ့လေးကြောင့် နမ်းရင်းပြုံးမိတယ်.....
လျှာတွေယှက်ထွေးနေတဲ့ ခပ်ကြမ်းကြမ်းအနမ်းကြောမှာ မျောနေတာကို တော်တော်ကြာတယ်....
အနမ်းကြားမှာအသက်ကိုလုရှုလာတဲ့ချစ်ရသူကြောင့် သူနှုတ်ခမ်းလေးကိုခဏအနားပေးလိုက်တယ်....
ဖူးယောင်သွားတဲ့နှုတ်ခမ်းလေး....
ဖြူလွှလွှအသားရောင်ထက်က လည်ပင်းသွေးကြောလေးတွေကတော့ စိမ်းဖန့်ဖန့်...
YOU ARE READING
My Missing JigsawsPuzzle Piece(ပျောက်ဆုံးခဲ့သောကိုယ့်ဘဝရဲ့အစိတ်အပိုင်း-Complete)
Fanfiction"ဆုတောင်းတခု မှားခဲ့ရင် ဘဝအဆက်ဆက် ပြန်ပေးဆပ်ရတတ်တယ်တဲ့...... တကယ်လို့ မင်းနဲ့ချစ်ခွင့်ရဖို့ဆုတောင်းမိတဲ့ ငါ့ရဲ့တခုတည်းသောဆုတောင်းဟာ မှားခဲ့တယ်ဆိုရင် ဘဝအဆက်ဆက်မက မပြီးဆုံးနိုင်တဲ့သံသရာအထိ ပြန်ပေးဆပ်ရမယ်ဆိုလည်း ငါအဲ့ဒီဆုတောင်းကိုပဲ ထပ်တလဲလဲဆုတောင်းနေဥ...