PART-10: Let Me Kiss You

7.5K 589 55
                                        

Yibo ဝေ့ရင်းကိုတွဲပြီးအိမ်ပေါ်သို့လိုက်ပို့ပေးသည်။ ဘာဖြစ်ဖြစ် ဝေ့ရင်း နဲ့ပတ်သတ်တာလေးတွေ တဖြည်းဖြည်းသိလာရ၍သူပျော်သည်။ ဘယ်ကမှန်းတောင်မသိခဲ့တဲ့ကောင်လေးတယောက်....ပြီးတော့အမှတ်မထင်တွေ့ဆုံမှုတွေကနေ နာမည်လေးသိလာခဲ့ပြီ။ ခုသူနေတဲ့အိမ် သူ့အငွေ့အသက်လေးတွေပါမြင်ရတော့မည်ဖြစ်၍ သူရင်ခုန်သည်။

အိမ်လေးက ကျဉ်းသော်လည်း နွေးထွေးမှုအပြည့်ဖြင့်ချစ်စရာကောင်းသည်။
"Yibo ကော်ဖီသောက်ဦးမလား?"

ဖြူဆုတ်ဆုတ်ဖြစ်နေသော ဝေ့ရင်းကိုနားစေချင်သော်လည်း သူ မပြန်ချင်သေး။ ရသလောက်တော့အချိန်ဆွဲပြီး သူ့နားနေချင်သည်။
"အင်း သောက်မယ်"

Living room နဲ့ kitchen ဆက်ထားသဖြင့် ကော်ဖီဖျော်ပေးနေသော ဝေ့ရင်းကိုသူမြင်နေရသည်။ ဝေ့ရင်းဖျော်ပေးသော ကော်ဖီကိုတောင်သူသောက်ရတော့မည်လေ။
"ရော့ Yibo ကော်ဖီ"

ဝေ့ရင်း လဲသူဘေးနားလာထိုင်ကာ ကော်ဖီ လာသောက်သည်။

"ကော်ဖီလေးက နွေးနွေးလေး....သောက်လို့ ငတ်မပြေမဲ့ပုံပဲ"

"ဖွီး....အဟွတ်....အဟွတ်" ဝေ့ရင်းကော်ဖီသီးသွားပြီး မျက်နှာကြီးနီလာသည်။

"ဟမ် ဝေ့ရင်း ရလား။ ဖြေးဖြေး" ဟုဆိုကာကျောကိုညင်သာစွာပုတ်ပေးသည်။ Yibo ရင်ခွင်နားနီးသွားသဖြင့် သူ့ဆီကရနေကျ စန္ဒကူးနံ့သင်းသင်းလေးနှာခေါင်းထဲတိုးဝင်လာသည်။ ထိုအနံ့လေးကိုသူကြိုက်သည်။ နှစ်ပေါင်းများစွာ ဘဝပေါင်းများစွာ သူစွဲမက်ခဲ့ရသလို....

Yibo နားရှိနေချိန်တွေဆို သူအလိုလိုရင်ခုန်သည်။ တကယ်တော့ ဒီလိုတွေဖြစ်လာလိမ့်မည်ဟု သူဘယ်တုန်းကမှမထင်ထားခဲ့။

Flashback of ဝေ့ရင်း

တနေ့သူ ရိလင်းတောင်ခြေသချိုင်းကုန်းမှာထိုင်နေရင်း ကောင်လေးတယောက်ကိုတွေ့ခဲ့တယ်။ ကောင်လေးကမျက်ရည်တွေကျမနေပေမယ့် အုတ်ဂူဖြူဖြူလေးကိုကြည့်နေတဲ့သူုမျက်ဝန်းတွေကတဆင့် သူ့ကြေကွဲဝမ်းနည်းမှုကိုမြင်နေရတယ်။
ကောင်လေးကိုတွေ့တွေ့ခြင်း သူ့ရင်ထဲမှာ ပြောပြလို့မရတဲ့ အဓိပ္ပါယ်ဖော်မရတဲ့ခံစားချက်တွေ တသီကြီးထွက်လာတယ်။ သူ ကောင်လေးကိုရင်းနှီးနေသလိုမျိုး သူမမှတ်မိတဲ့အကြောင်းအရာအချို့မှာကောင်လေးပါဝင်နေသလိုမျိုး ခံစားချက်ကသူ့ကိုနေရခက်စေတယ်။ ပျောက်ကွယ်နေတဲ့သူ့မှတ်ဉာဏ်တပိုင်းတစအတွက် ကောင်လေးမှာအဖြေရှိမလားသူရှာခဲ့တယ်။

My Missing JigsawsPuzzle Piece(ပျောက်ဆုံးခဲ့သောကိုယ့်ဘဝရဲ့အစိတ်အပိုင်း-Complete)Where stories live. Discover now