PART-18: အဖြူရောင်ခြုံထည်လေး

4.7K 442 59
                                        

ရေစိုစိုအင်္ကျီနှစ်ထည်အောက်က ကြားလေသွေးလို့မရအောင်ကို ပူးကပ်နေတဲ့ခန္ဒာကိုယ်နှစ်ခုကတော့ အနွေးဓါတ်ချင်းဖလှယ်နေတယ်.....
(မိုးမချုပ်ကျပါနဲ့ဦးနော်....အဲ့ အဆင့်ထိမရောက်သေးပါဘူး)

ခိုက်ခိုက်တုန်အောင်ချမ်းပြီး မေးရိုက်နေတဲ့နှုတ်ခမ်းလေးကို အငမ်းမရမလွှတ်တမ်းနမ်းနေမိတုန်းပဲ။

ခေါင်းတဖက်စောင်းပြီးဆက်နမ်းဖို့ပြင်လိုက်တော့ ယုန်ကောင်လေးက ခပ်ဖွဖွတွန်းလာတယ်။

မျက်နှာတွေလဲနီရဲလို့......နှုတ်ခမ်းလေးလဲဖူးယောင်လို့

လန်ကျန့်ကိုမော့မကြည့်ဝံ့ပဲ နှုတ်ခမ်းလေးကိုက်ကာ မျက်လွှာချထားတဲ့ ရှက်သည်းပိုနေပုံလေးက စိတ်ရှိလက်ရှိကိုဆွဲဖျစ်ညှစ်လိုက်ချင်စရာကောင်းတယ်။

ခုသာ စိတ်ထဲရှိ,ရှိတဲ့အတိုင်းလုပ်မိလို့ကတော့ မင်းအရိုးတခြား အသားတခြားဖြစ်နေပြီ ဝေ့ရင်း...
(ဘာလုပ်မှာလဲကိုယ်မသိပါ....လာမမေးကြပါနဲ့နော်)

ဘာလို့အဲလောက်ချစ်ဖို့ကောင်းနေရတာလဲ ဝေ့ရင်း...

သူပါးစပ်ကတော့ ထုတ်မပြောဝံ့ရဲသေးပါ....

သူ့အပေါ်ထားတဲ့ ဝေ့ရင်းရဲ့ခံစားချက်တွေကိုလဲအတည်ပြုချင်မိသေးတယ်။

သူ့ရှေ့မှာ ကျုံ့ကျုံ့လေးရပ်ကာ မျက်နာတွေနီရဲပြီး မေးရိုက်နေတဲ့ ယုန်ကောင်လေးကို သူပွေ့ချီပြီး ကုန်းပေါ်ခေါ်လာခဲ့တယ်။

မီးလေးမွှေးပြီး အင်္ကျီတွေချွတ်ကာ မီးကင်ကြတယ်။
သူဝေ့ရင်းခါးစည်းလေးကိုချွတ်ပေးတော့ ယုန်ကောင်လေးတကိုယ်လုံးကပန်းရောင်သန်းနေတယ်။ ယုန်ပန်းရောင်လေးပေါ့။

ယုန်ကောင်လေးကတော့ ခုထိသူနဲ့မျက်လုံးချင်းမဆုံအောင်ရှောင်နေတုန်းပဲ။ စကားလဲမပြောတော့ဘူး.....သူရှက်နေတာလေ.....

ရှေ့ကဖိုထားတဲ့မီးတောက်မီးလျံတွေလိုပဲ လန်ကျန့်ရဲ့ရမက်ဆန္ဒတွေကလည်း တောက်တောက်လောင်ပြီး မငြိမ်းနိုင်သေးပါဘူးနော်။

ဒါပေမယ့် သူချစ်ရတဲ့သူ သူ့အပေါ်မှာထားတဲ့ခံစားချက် မသေချာသေးသရွေ့ သူရှေ့ဆက်တိုးမှာမဟုတ်ပါဘူး.....
ဘာလို့လဲဆိုတော့ ချစ်လို့....
ချစ်တာထက်ပို မြတ်နိုးလို့....

My Missing JigsawsPuzzle Piece(ပျောက်ဆုံးခဲ့သောကိုယ့်ဘဝရဲ့အစိတ်အပိုင်း-Complete)Tahanan ng mga kuwento. Tumuklas ngayon