လူငယ်လေးနှစ်ဦး...
တသွင်သွင်စီးနေတဲ့မြစ်ရဲ့တဖက်တချက်စီမှာ
မျက်နှာချင်းဆိုင်ရပ်နေကြတဲ့လူငယ်လေးနှစ်ဦး...တယောက်ကအဖြူရောင်... တယောက်ကအနက်ရောင်...
ဆန့်ကျင်ဘက်အရောင်အင်္ကျီဝတ်ထားပေမယ့် တူညီနေတဲ့အပြုံးတွေနဲ့လူငယ်လေးနှစ်ဦး...
မြစ်ကိုကျောပေးပြီးနှစ်ယောက်သားလာရာလမ်းကိုပြန်သွားခဲ့ကြတယ်
လူငယ်လေးနှစ်ဦး..
တယောက်တနေရာစီမှာဆိုပေမယ့် နှစ်ယောက်လုံးအပြစ်ပေးခံရကာဒူးထောက်နေကြတဲ့ လူငယ်လေးနှစ်ဦး...မြစ်ထဲမှာ ပျော်ရွှင်စွာတူတူရေကူးနေပြီး ငါးဖမ်းပြိုင်နေတဲ့လူငယ်လေးနှစ်ဦး...
အတိုက်အခိုက် အသတ်အပုတ် တူတူလေ့ကျင့်နေကြတဲ့လူငယ်လေးနှစ်ဦး...
တောင်ကပါးရံထိပ်မှာအပူအပင်မဲ့စွာထိုင်ရင်း သူတို့အတူတူပုံဖော်ချင်တဲ့ ရှေ့အနာဂါတ်တွေကိုတိုင်ပင်နေကြတဲ့လူငယ်လေးနှစ်ဦး....
ုဘယ်နေရာကြည့်ကြည့်သွေးလွှမ်းနေတဲ့စစ်မြေပြင်...
တဖက်ကအဖြူ...တဖက်ကအမည်း
မပြီးဆုံးနိုင်တဲ့စစ်ပွဲ
သူတို့ချစ်ရသူတွေ သူတို့မျက်စိရှေ့ သေဆုံးသွားတာကို ရင်ခွင်ထဲပိုက်ပြီး ငိုကြရတဲ့လူငယ်လေးနှစ်ဦး
တယောက်နဲ့တယောက်ပြိုင်တိုက်နေရပေမယ့် အချင်းချင်းအလျော့ပေးနေတဲ့ လူငယ်လေးနှစ်ဦး...
သွေးအိုင်အလယ်မှာလဲကျနေတဲ့မိသားစုကြားမှာ မိခင်ကိုပွေ့ထားပြီး အရူးလိုအော်ဟစ်နေခဲ့တဲ့ အဖြူရောင်ကောင်လေး....
သွေးတွေတစက်စက်စီးကျနေတဲ့ ဓါးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ အနက်ရောင်ကောင်လေး....
"မဟုတ်ဘူး....အဲလိုမဟုတ်ဘူး.....အဲလိုမဖြစ်ရဘူး.."
Yibo တယောက် ဆေးရုံကုတင်ပေါ်မှာ အော်ဟစ်ရင်းလူးလွန့်နေသည်။ မျက်ရည်တွေလည်း ပါးပေါ်မှာတသွင်သွင်စီးကျနေသည်။ Yibo ရှိုက်ကြီးတငင်ငိုမိပြီး ယောင်ယမ်းကာ လက်တွင်တပ်ထားသောဆေးပိုက်များကိုဆွဲဖြုတ်နေမိသည်။ ဘေးပတ်ပတ်လည်တွင် သွေးလွှမ်းနေသည်ကိုသာမြင်ရပြီး Yibo ကြောက်လန့်တကြားမျက်လုံးကိုဆတ်ခနဲဖွင့်မိသည်။
YOU ARE READING
My Missing JigsawsPuzzle Piece(ပျောက်ဆုံးခဲ့သောကိုယ့်ဘဝရဲ့အစိတ်အပိုင်း-Complete)
Fanfiction"ဆုတောင်းတခု မှားခဲ့ရင် ဘဝအဆက်ဆက် ပြန်ပေးဆပ်ရတတ်တယ်တဲ့...... တကယ်လို့ မင်းနဲ့ချစ်ခွင့်ရဖို့ဆုတောင်းမိတဲ့ ငါ့ရဲ့တခုတည်းသောဆုတောင်းဟာ မှားခဲ့တယ်ဆိုရင် ဘဝအဆက်ဆက်မက မပြီးဆုံးနိုင်တဲ့သံသရာအထိ ပြန်ပေးဆပ်ရမယ်ဆိုလည်း ငါအဲ့ဒီဆုတောင်းကိုပဲ ထပ်တလဲလဲဆုတောင်းနေဥ...