PART-4: Keep Me Away from Nightmares

8.3K 716 12
                                        

Yibo တယောက် ဆိုဖာပေါ်ဝယ် မျက်လုံးလေးဖွဖွမှိတ်ကာ ဝေ့ရင်း နဲ့တွေ့ဆုံရတဲ့ ထူးဆန်းသောတိုက်ဆိုင်မှုတွေအကြောင်းပြန်တွေးနေမိရင်း မှေးခနဲအိပ်ပျော်သွားတော့သည်။

ရုတ်တရက် ဆူဆူညံညံအသံတွေကြားရ၍ မျက်လုံးဖြည်းဖြည်းချင်းဖွင့်ကြည့်မိသည်။
သူ ဘာမှမမြင်ရ။ Yibo သွေးပျက်မတတ် ခြောက်ခြားသွားသည်။ တကိုယ်လုံးကြက်သီးမွှေးညှင်းဖြန်းဖြန်းထရင်း အကူအညီအော်ရန်ပါးစပ်ဟမိသည်။ ကြောက်လန့်လွန်း၍ လေသံမှတပါး အခြားထွက်မလာ။

ဟုတ်သည်။ သူအမှောင်ထဲမှာ။ ပိန်းပိတ်အောင်မှောင်သော အမှောင်ထဲမှာ။ သူ့လက်ကိုပင်သူရေးရေးမျှမမြင်ရသော မဟူရာအမှောင်ထဲမှာ။ သူ Shock ရပြီးအသက်ရှုကြပ်လာသည်။ ချွေးစေးတွေပြန်လာသည်။ အမှောင်ထဲ လှဲနေသော အေးစက်တောင့်တင်းနေသည့် သူ့ခန္ဓာကိုယ်ကိုသူသတိထားမိသည်။ သူ့ခန္ဓာကိုယ်တခုခုပေါ်လှဲလျောင်းနေခြင်းမဟုတ်။ သူလေထဲမှာ မျောနေခြင်းဖြစ်သည်။ Yibo ကြောက်စိတ်တွေ 2 ဆတက်သွားသည်။ လည်ချောင်းတွေချောက်ကပ်လာသည်။ နှလုံးခုန်သံမှာ ပေါက်ထွက်မတတ်ကြားနေရသည်။ ကြောက်လွန်း၍ ထွက်လာသော သူ့ပင့်သက်ရှိုက်သံကို သူကျယ်လောင်စွာပြန်ကြားနေရသည်။

ထိုအခိုက် ခုနကဆူညံသံတို့ကခပ်ရေးရေး တဖန်ပြန်ပေါ်လာသည်။ မိန်းမတယောက်နဲ့ယောကျာ်းတယောက်တယောက် ငြင်းခုံစကားများနေသံ။ သူအသံကြားရာသို့ ခေါင်းကိုတုန်ယီစွာ လှည့်ကြည့်လိုက်သည်။ မီးဝါဝါဖန့်ဖန့်မှိန်ပြပြလင်းနေသော ဖွင့်ထားသည့်အခန်းတံခါးပေါက်ဝတခု။ စကားများသံတို့သည် ထိုအခန်းမှပျံ့လွင့်လာသည်။
သူအားတင်းပြီးထိုအခန်းဆီသွားရန်ပြင်လိုက်သည်။

ဘာမှမမြင်ရတဲ့ လေဟာနယ်အမှောင်ထဲမှာ သူလမ်းလျှောက်လို့ရမည်လား? သူပြုတ်ကျသွားမလား အတွေးတွေတဒိန်းဒိန်း သူ့ခေါင်းထဲဝင်လာသည်။
နောက်ဆုံးဖြစ်ချင်ရာဖြစ် သူမီးမှိန်ပြပြအခန်းဆီသို့ တရှိန်ထိုး ဒရိန်းဒရိုင်ပြေးသွားလိုက်တော့သည်။

သူအခန်းအဝ၌ခြေချအပြီး လေပြင်းတချက်ခတ်ကာ သူပါဟန်ချက်အနဲငယ်ပျက်သွားသည်။ နောက်လှည့်ကြည့်တော့ သူပြေးထွက်လာခဲ့တဲ့ အမှောင်ထု။ ခုချိန်သူပြုတ်ကျသွားရင် လေပေါ်တွင်မျောနေတော့မည်မဟုတ်တော့ကြောင်း သူ့စိတ်ကအလိုလိုသိနေသည်။

My Missing JigsawsPuzzle Piece(ပျောက်ဆုံးခဲ့သောကိုယ့်ဘဝရဲ့အစိတ်အပိုင်း-Complete)Donde viven las historias. Descúbrelo ahora