PART-21: ပင်လယ်ကိုဖြတ်၍ မီးတောင်ကိုကျော်မည်

4.7K 333 15
                                    

အိပ်ရာထက်ပေါ်မှာ ဝေ့ရင်း နှုတ်ခမ်းလေးကိုကိုင်ရင်း ပြတင်းပေါက်ကနေဖြာကျနေတဲ့ ငွေရောင်လမင်းကြီးကိုကြည့်နေမိတယ်....

ခုချိန်ဆို လျန်ကျန့် တယောက်ဘာလုပ်နေမလဲ....

ချစ်ရသူအကြောင်းတွေးကာ သက်ပြင်းဖွဖွချရင်း မကျစေချင်တဲ့မျက်ရည်တွေအတွက် မျက်လုံးပိတ်ထားလိုက်တယ်။

နဲနဲလေးပဲဖြစ်ဖြစ်....သူ့အနားမှာ နဲနဲလေးပဲဖြစ်ဖြစ် အချိန်ပိုကြာကြာနေခွင့်လေးပဲပေးပါ ကံကြမ္မာရယ်။
..............................................................
ထုံးစံအတိုင်း နေ့တိုင်းနီးပါးလိုလို သူတို့နှစ်ယောက်တွေ့ဖြစ်ကြသည်......

အခုတော့ ချစ်သူတွေ အနေနဲ့ပေါ့.....

လန်ကျန့်ကသိပ်အကဲပိုသည်။ အရင်ကလိုခပ်ကြမ်းကြမ်းတွေလည်း မကစားခိုင်းတော့ဘူး။ ဝေ့ရင်းကို ထိလိုက်တာနဲ့ကြွေကျသွားမယ့် ရွှေရုပ်လေးလိုပဲ အရိပ်တကြည့်ကြည့်ဆက်ဆံသည်။

ဝေ့ရင်းကတော့မကြိုက်။ နှစ်ဦးသားချစ်ကြိုက်ခဲ့ကြတယ်ဆိုပေမယ့် သူကမိန်းကလေးမှဟုတ်တာ။

ဒါပေမယ့်လည်း ချစ်ရသူစိတ်ချမ်းသာပါစေတော့ဆိုပြီး စိတ်တိုင်းကျခွင့်ပြုပေးထားရသည်။

ဝေ့ရင်းက လန်ကျန့်အလိုမှန်သမျှလိုက်လျောသလို
လန်ကျန့်ကလည်း ဝေ့ရင်းမျက်နှာတချက်မပျက်စေရ။

ကြင်ဦးစဇနီးမောင်နှံ ပူပူနွေးနွေးလေးတွေလိုပဲ။
နေ့တိုင်း အချစ်ငှက်လေးတွေလို ပျော်မြူးနေကြတာ...

ဒါပေမယ့် နှစ်ယောက်လုံးကတော့ တနေ့နေ့ တချိန်ချိန်မှာ သူတို့နှစ်ယောက်အတွက်မလိုအပ်ပေမယ့် သူတို့နဲ့ပတ်သတ်တဲ့သူတွေအကြောင်းကိုတော့ ပြောပြရတော့မယ်ဆိုတာ ကိုယ်စီကိုယ်ငှနားလည်ထားကြပါတယ်။

ပျော်ကြပေမယ့်လည်း ရင်ထဲအပူကိုယ်စီရှိကြသေးတယ်။

နှစ်ယောက်တူတူ ရှေ့အနာဂါတ်ကို တကယ်ကျော်ဖြတ်ကြတော့မယ်ဆိုရင်ပေါ့။
............................................................................
နှစ်ဦးသားရဲ့ကိုယ်ပိုင်နေရာလေးဖြစ်တဲ့ ရေတံခွန်ထိပ်ကျောက်စွန်းလေးမှာထိုင်နေကြတယ်။

My Missing JigsawsPuzzle Piece(ပျောက်ဆုံးခဲ့သောကိုယ့်ဘဝရဲ့အစိတ်အပိုင်း-Complete)Onde histórias criam vida. Descubra agora