PART-5: Black King

8K 673 17
                                        

ဒီရက်ပိုင်းအတွင်း Yibo အသည်းအသန်ဖြစ်ထား၍ အနားရနေသည်။ Manager က Appointment တွေအကုန်ရွှေ့ထားပေးသည်။ Yibo တယောက်အိမ်ထဲမှာ ထိုညကအကြောင်းပဲ ထပ်တလဲလဲတွေးမိနေသည်။ သူမြင်ခဲ့တဲ့အကြောင်းအရာတွေက သူနဲ့ဘာအပ်စပ်မှုရှိလဲ? အိပ်မက်ထဲကအမျိုးသမီးကဘယ်သူလဲ? ဘာလို့သူ့အမေခေါ်သလို သူ့ကို ရိအော် လို့ခေါ်တာလဲ? ဘာမှဆက်စပ်ပြီးစဉ်းစားလို့လဲမရ။ သူအရင်ကလဲ အိပ်မက်ဆိုးတွေ ခဏခဏမက်သည်။ ရှေးတရုတ်ကားထဲကလိုလူတွေပါသည့်အိပ်မက်...သို့သော်သူအိပ်ရာကနိုးတာနှင့် အိပ်မက်အကြောင်းအရာကို လုံးလုံးလျားလျားစဉ်းစား၍မရတော့။ အင်း ခုလဲအဲလို ထူးထူးဆန်းဆန်းအိပ်မက်တခုပဲနေမှာပါ။ ဒါပေမယ့် အိပ်မက်မဟုတ်တာတခုက ဖြူလွှလွှ ဝရန်တာကပုံရိပ်....အဲတာအိပ်မက်လုံးဝမဟုတ်။ လူတော့မဖြစ်နိုင်ဘူးနဲ့တူတယ်။ ကြောင်...ကြောင်ပဲနေမှာပါ...အဲတုန်းက လူကလဲမူးနေတာဆိုတော့ ကြောင်ကိုလူတယောက်နီးပါးအကြီးကြီးမြင်မိတာပဲဖြစ်မယ်....

Yibo တယောက် သူ့ဟာသူ အတွေးထဲချာချာလည် ကောက်ချက်တွေဆွဲနေရင်း ခေါင်းတွေရှုပ်လာသည်။ လူလည်းတော်တော်လန်းလာပြီမို့ နားရက်ရတုန်း မသွားတာကြာပြီဖြစ်သော Motorcycle Club ကိုခြေဦးလှည့်ရန်ပြင်လိုက်သည်။

📱Yibo: Hello Hao Xuan(HX)

📱HX: Yo Wang Yibooo....long time no see man. ပြော...ဘာကိစ္စ

📱Yibo: မသွားတာကြာလို့ club သွားမို့ အဲတာလှမ်းခေါ်တာ

📱 HX: okay လေ။ လာခဲ့မယ်

📱 Yibo: Ok see you. Bye
............................................................................
At Motorcycle Club
HX: Yibo ငါဒီမှာ
Hao Xuan, Yibo ကိုလက်လှမ်းပြလိုက်သည်။

HX: ဝိုး...Wang Yibo ပိန်သွားတယ် မျက်တွင်းတွေတောင်ကျလို့

Yibo: အင်း နဲနဲ နေမကောင်းဖြစ်သွားလို့

HX: Hk ခွေးကောင်... နေမကောင်းတာရောဟုတ်လို့လား? နေမကောင်းတဲ့သူက အိပ်တယ်လေကွာ။ မင်းက မအိပ်လို့မျက်တွင်းတွေကျနေတာ....အယ်ယ်ယ်ယ်

Yibo: ချီးထဲမှပဲ...ဘောမလို့ မင်းကငါ့ကို အဲလိုကောင်စားမျိုးထင်နေတာလား။ ဘယ်ဆော်မှမျက်စိထဲမဝင်သေးဘူး။ တမိုးအောက်တယောက် Wang Yibo ကွ

My Missing JigsawsPuzzle Piece(ပျောက်ဆုံးခဲ့သောကိုယ့်ဘဝရဲ့အစိတ်အပိုင်း-Complete)Where stories live. Discover now