PART-1: Unexpected Meeting 1

20.6K 1K 2
                                    

Yibo တယောက် ဒီနေ့ Beijing မှာ Show ပွှဲတခုတက်စရာရှိနေသဖြင့် လေယာဉ်ကွင်းသို့ရောက်နေသည်။
ထုံးစံအတိုင်း ကားပေါ်ကဆင်းသည်နှင့် Fan တွေကတိုးတိုးကြိတ်ကြိတ်။
Body Guards တွေနဲ့ မန်နေဂျာ လမ်းကြောင်းပေး၍ လေယာဉ်ကွင်းထဲသို့ ခြေချခွင့်ရသည်။ နောက်က အုံနဲ့ကျင်းနဲ့လိုက်နေတဲ့ Fan တွေကို Yibo မြန်မြန်မျက်ခြေဖြတ်ချင်နေသည်။

Yibo Mask လေးကို မေးစေ့အောက်ကနေ မျက်နှာပေါ်ဆွဲတင်လိုက်သည်။ လက်တဖက်က ကိုင်လာတဲ့ Skateboard ကိုအောက်ချလိုက်ပြီး ခပ်သွက်သွက် လျှောစီးလိုက်တော့သည်။ Fan တွေကလဲ အလျော့မပေး 'ဝေး' ခနဲအော်ကာ Yibo နောက်ပြေးလိုက်ကြတော့သည်။ အဓိကက Fan တွေလိုက်လို့မရနိုင်တော့တဲ့ Immigration ကိုမြန်မြန်ဖြတ်ရန်သာဖြစ်သည်။ Online Flight Checkin လဲ မန်နေဂျာကလုပ်ပြီးသားဆိုတော့ စိတ်ပူစရာမလို။

ခပ်လှမ်းလှမ်း နောက်ကပြေးလိုက်လာကြတဲ့ Fan တွေကို မျက်လုံးလေးဆွေကြည့်ရင်း Yibo သက်ပြင်းချမိသည်။ သူ Skateboard ကိုအရှိန်မပါတပါ စီးနေရင်း မျက်လုံးရှေ့ပြန်အလှည့် ရုတ်တရက် တစုံတခုကိုတိုက်မိရင်း သူပါနောက်ပြန်လဲကျတော့မလိုဖြစ်သွားရတော့သည်။ သူ့ကိုယ်သူမလဲကျအောင်အရှိန်သတ်ရင်း ကြည့်လိုက်တော့ ကောင်လေးတယောက်
ကြမ်းပြင်မှာ ဒူးတစ်ချောင်းထောက်ထိုင်ရက်သားလေး။ လက်တဖက်ကလည်း ခြေချင်းဝတ်လေးအားကိုင်ပြီး နဲနဲမဲ့ရွဲ့နေသည်။ Yibo ပျာယာခတ်သွားပြီး Mask ကိုချွတ်ရင်း တောင်းပန်လိုက်သည်။

"တောင်းပန်ပါတယ်။
ဘယ်နားထိသွားလဲ"

မေးမေးပြောပြော Yibo သူ့လက်လေးကို ထိုကောင်လေးအားကမ်းလိုက်သည်။
ကောင်လေးကသူ့အားတချက်မော့ကြည့်လိုက်ပြီး နှူတ်ခမ်းလေးစိကာပြုံးထားလျက်ဖြေသည်။

"ရပါတယ်ခင်ဗျ နဲနဲလေးပဲထိတာပါ"

ဟုပြောရင်း Yibo ကမ်းတဲ့လက်ကိုမကိုင်ပဲ ဘေးနားကသူ့ Luggage လေးကိုကိုင်ရင်းထလိုက်သည်။
ထိုအချိန်တွင်တော့ Yibo ရဲ့ Fan တွေက Yibo တို့ကိုမှီသွားပြီဖြစ်သည်။

ရုတ်ရုတ်သည်းသည်းတိုးဝှေ့လာတဲ့ Fan တွေကိုကောင်လေးက ပါးစပ်အဟသားလေးငေးကြည့်လိုက်ပြီး Yibo ကိုလဲမျက်လုံးထောင့်ကပ်ခါ တချက်ပြန်ကြည့်လိုက်သည်။
ပြီးတော့ ခုနကလိုပဲနှူတ်ခမ်းလေးစိကာ ခေါင်းငုံ့ ပြုံးပြပြီးနောက် သူ့အိတ်လေးဆွဲကာ Yibo ရှေ့မှ ဖြည်းဖြည်း ထွက်သွားတော့သည်။

My Missing JigsawsPuzzle Piece(ပျောက်ဆုံးခဲ့သောကိုယ့်ဘဝရဲ့အစိတ်အပိုင်း-Complete)Where stories live. Discover now