PART-41: ချစ်ရတဲ့ လန်ကျန့်သို့

6.3K 397 63
                                        

ဝမ်ချောင်မြင်လိုက်ရတဲ့မြင်ကွင်းက သူ့အသည်းကိုအစိတ်အမွှာမွှာခွဲလိုက်သလို...

အလာကောင်းပေမယ့် အခါနှောင်းခဲ့ပြီ ဝေ့ရင်းရယ်...

ဘာလို့ အဲဒီလိုတွေလုပ်ရတာလဲ...ဝေ့ရင်းရဲ့...
မင်းကသူရဲကောင်းကြီးမို့လား??

ငါပြောတယ်လေ...အားလုံးတူတူသေကြမယ်လို့။

ဘာလို့တစ်ယောက်တည်း အရင်ထွက်သွားခဲ့ရတာလဲ??

ငါ့ကိုထဖြေလှည့်ဦးလေ....ဝေ့ရင်းရေ...

ခြေသံကြားတော့ ရိပေါ်ကခြေသံလာရာဘက် ခေါင်းလှည့်လာတယ်...မျက်ရည်တွေဝဲနေပေမယ့် မျက်ရည်မကျဘူး...

ရင်ခွင်ထဲမှာ ဝေ့ရင်းကိုပိုက်ထားရင်း.... ဝမ်ချောင့်ကိုမေးတယ်။

"ဝေ့ရင်း ဘယ်မလဲ???
ဝေ့ရင်းကိုခေါ်ပေး...."

ဝမ်ချောင် မှာပြောစရာစကားမရှိဘူး....

ဝေ့ရင်းမှာခဲ့တဲ့တစ်ခွန်းတည်းသောစကားပြောတယ်..
"ဝေ့ရင်းမင်းနှလုံးသားထဲမှာထာဝရရှိနေမှာပါ"

လက်ထဲကစာအိတ်အဖြူလေးကိုထိုးပေးတယ်...

စာအိတ်လေးမှာ "ချစ်ရတဲ့ လန်ကျန်သို့"

………………

"ချစ်ရတဲ့ လန်ကျန့်သို့"

လန့်ကျန့်ရေ....လန်ကျန့်...

ငါ့မှာမင်းကိုပြောပြစရာတွေအများကြီးရှိခဲ့တယ်။ ငါမင်းကိုပြောပြဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် လည်ချောင်းဝမှာအမြဲစို့နင့်နေတဲ့ဒီစကားလုံးတွေကို ငါမပြောပြနိုင်ခဲ့ဘူး။

ဒီတော့မင်းကိုပြောချင်တဲ့စကားလုံးတွေကို ငါချရေးထားတယ်။ ပထမဆုံးပြောချင်တာက ငါမင်းကိုသိပ်ချစ်တယ်။ ငါကိုယ်ငါတောင်မသိလိုက်မိချိန်မှာ ငါမင်းကိုစူးစူးနင့်နင့်ချစ်နေမိခဲ့ပြီ....တစ်ဘဝလုံးစာအတွက်လို့ပြောရင်တောင်နည်းနေသေးလို့ တစ်သံသရာလုံးစာအတွက်ချစ်ခဲ့တယ်လို့ပဲပြောချင်တယ်။

မင်းအတွက်ငါ ဘာမဆိုစွန့်လွှတ်ရဲတယ်။ သိပ်ရိုးရှင်းတဲ့ငါ့အချစ်ပါ။

လန်ကျန့်ရေ....လန်ကျန့်....

ငါ့ဆုံးဖြတ်ချက်တွေက ငါအတ္တတွေသက်သက်မို့လို့ ဘာမှမဆိုင်တဲ့ကိုယ့်ကိုကိုယ်အပြစ်မတင်ပါနဲ့ကွာ။

My Missing JigsawsPuzzle Piece(ပျောက်ဆုံးခဲ့သောကိုယ့်ဘဝရဲ့အစိတ်အပိုင်း-Complete)Donde viven las historias. Descúbrelo ahora