PART-16: ယုန်ကောင်လေး

4.9K 458 3
                                    

"အဟမ်း အဟမ်း..."

ယုန်ကောင်လေးကအသံကြား၍သူ့အားလှမ်းကြည့်သည်။

"အဲတာ ငါဖမ်းထားတဲ့ယုန်.... လက်ထဲကလွတ်သွားလို့လိုက်ရှာနေတာ"
ဝမ်ကျီးက ယုန်ကောင်လေးလက်ထဲက ယုန်မည်းလေးကိုလက်ညိုးထိုးပြလိုက်သည်။

ယုန်ကောင်လေးက သူ့ကိုတချက် ယုန်လေးကိုတချက်ကြည့်ပြီး မျက်စောင်းထိုးလာသည်။
"အော်....လက်စသတ်တော့မင်းကို....ကျန့်ကျန့်ကိုနာကျင်အောင်လုပ်တာ"

"ဟင်...ဘယ်သူကကျန့်ကျန့်လဲ....ယုန်ကိုနာမည်ပေးထားသေးတာလား??"

"ဟုတ်တယ်....ဒါငါ့ယုန် ကျန့်ကျန့်....သူကဒီမှာအစာအမြဲလာစားနေကျ....ငါမွေးထားတာ....ကျန့်ကျန့်တဲ့"
ပြောပြောဆိုဆို ယုန်ကောင်လေးမျက်လုံးတွေက ဝမ်ကျီးရဲ့နောက်မှာဖွက်ထားတဲ့လက်တွေဆီ အာရုံရောက်သွားသည်။

"မင်း မင်းဘာကြည့်တာလဲ"

ယုန်ကောင်လေးက ဝမ့်ကျီးနားလျှောက်လာကာ သူကိုယ်လုံးနှင့်ကွယ်၍ ဖွက်ထားသောလက်ကို အမိအရလိုက်ကြည့်နေတော့သည်။

"မင်း မင်း....ယုန်တွေဖမ်းလာတာမဟုတ်လား?? ငါ့ကိုပြ..."

ဝမ်ကျီးလဲမနေသာတော့ဘဲ ဖွက်ထားသောလက်ကိုထုတ်ပြလိုက်ရတော့တယ်။

"အာ.....ယုန်လေးတွေ သုံးကောင်တောင် သနားပါတယ်....မင်းကတော်တော်ရက်စက်တဲ့သူပဲ.....ယုန်တွေကိုဘာလုပ်မလို့လဲ"

"ဟင်....ယုန်ပဲဟာ....စားဖို့ပေါ့....ဘာလုပ်ရဦးမှာလဲ"

"အာရို့....တော်တော်အသည်းနုလုံးမရှိတာပဲ....ယုန်လေးတွေဆိုတာလေ နူးနူးညံ့ညံ့လေးတွေ။ ဘယ်သူ့ကိုမှလဲအန္တရာယ်မပေးဘူး။ ဘယ်သူ့အသက်မှလဲသတ်မစားဘူး။ ပြီးတော့သူ့ဘာသာသူပဲနေကြတာ......blah blah blah"

ဝမ်ကျီးကတော့ ယုန်ဒီဍာ ဖွင့်နေသည့် ယုန်ကောင်လေးရဲ့ လှုပ်တုတ်လှုပ်စိနှုတ်ခမ်းဖျားလေးကိုပဲ ငေးနေခဲ့မိပါသည်။

"ဟေ့ ဒီမှာ ဒီမှာ ငါပြောနေတာကြားလား??"

ယုန်ကောင်လေးက သူ့နား နားမှာလက်ဖျောက်တီးပြီးခေါ်မှ သူ့အာရုံတွေက နှုတ်ခမ်းဆီကပြန်ရောက်လာသည်။

My Missing JigsawsPuzzle Piece(ပျောက်ဆုံးခဲ့သောကိုယ့်ဘဝရဲ့အစိတ်အပိုင်း-Complete)Where stories live. Discover now