PART-30: နောက်ဆုံးထားခဲ့တဲ့ကတိ

4.2K 408 24
                                        

တကယ်တော့ ဝမ်ချောင်ဟာ စစ်မြေပြင်ထဲကို ဝေ့ရင်းရောက်လာမယ့်အချိန်ကိုစောင့်နေတယ်ဆိုပေမယ့် သူ့ရည်ရွယ်အမှန်က ဝေ့ရင်းရောက်လာရင် ဝေ့ရင်းရှေ့မှာ သူလန်ကျန့်ကိုသတ်ပြီး ခေါင်းဖြတ်ပြမလို့....

ဒါပေမယ့်စစ်မြေပြင်ကို ဝေ့ရင်းရောက်ရောက်လာခြင်း
ရှီးချန်က ဝေ့ရင်းကို ဓါးနဲ့ရွယ်တော့ အမြန်ဆုံးဝမ်ချောင်က သူ့လက်ထဲမှာရှိတဲ့ဓါးကို ဝေ့ရင်းကိုပစ်ပေးခဲ့တယ်....

ဝေ့ရင်းကို ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ ဓါးပစ်ပေးလိုက်တယ်ဆိုပေမယ့်  လျှက်တပြက်လေးအတွင်းမှာ ဝေ့ရင်းရဲ့လျင်မြန်လွန်းတဲ့လက်တွေက အရှိန်အဟုန်မြန်မြန်နဲ့တိုးဝင်လာတဲ့ရှီးချန်ကို တစ်ချက်တည်းနဲ့အနိုင်ပိုင်းနိုင်လိမ့်မယ်လို့တော့ ဝမ်ချောင်တကယ်ထင်မထားခဲ့ဘူး။

ဒါတွေဟာ ဝမ်ချောင်စီစဉ်ထားခဲ့သလို မဖြစ်လာခဲ့ပေမယ့် ကံကြမ္မာက ဝမ်ချောင့်ဘက်ပါနေတုန်းပဲလေ.....

ခုတော့စိတ်လဲဒုန်းဒုန်းကျ လူလဲယဲ့ယဲ့သာကျန်တော့တဲ့ ဝေ့ရင်း ဟာ စစ်မြေပြင်မှာဒူးထောက်နေရင်း ကျောခိုင်းသွားတဲ့လန်ကျန့်ကို မလှုပ်မယှက် တွေတွေကြီးငေးမောကြည့်နေတယ်....

Vampire မျိုးနွယ်စုရဲ့ ပထမသခင်လေးရှီးချန်ကိုသတ်မိတဲ့ ဝေ့ရင်းအပေါ် ဓါးပေါင်းများစွာက မြားမိုးရွာသလိုကျလာခဲ့တယ်။

ဝေ့ရင်း ပေါ်ကျလာတဲ့ဓါးချက်ပေါင်းများစွာကို ဝမ်ချောင်ကခုခံပေးရင်း ဝေ့ရင်းကိုသတိပြန်ဝင်လာဖို့အော်နေရတယ်....

နောက်ဆုံးမှာတော့ ဝေ့ရင်း အသိစိတ်ပြန်ဝင်လာခဲ့တယ်....
သူ့ဘေးနားကကျနေတဲ့ဓါးကိုကောက်ကိုင်လိုက်ပြီး လက်မြှောက်လိုက်ကာ လည်ပင်းပေါ်ဓါးတင်လိုက်တယ်.....

ဝမ်ချောင်အရမ်းထိတ်လန့်သွားတယ်...
"ဝေ့ရင်း.....မလုပ်နဲ့" ရန်သူတွေကိုတွန်းထုတ်ရင်း ဝေ့ရင်းနားပြေးသွားခဲ့တယ်....

ဝေ့ရင်းကခြေနှစ်လှမ်းစာသာကွာဝေးတော့တဲ့ ဝမ်ချောင်ကိုမော့ကြည့်ရင်း
"ဝမ်ချောင်.....စစ်ပွဲကိုရပ်မလား??......
ဒါမှမဟုတ် မင်း ငါသေတာကိုမြင်ချင်လား??"

My Missing JigsawsPuzzle Piece(ပျောက်ဆုံးခဲ့သောကိုယ့်ဘဝရဲ့အစိတ်အပိုင်း-Complete)Onde histórias criam vida. Descubra agora