"ခွမ်း" ခနဲ လက်ထဲကခွက်ကွဲကျသွားသံနဲ့အတူရောက်လာတဲ့ လန်ကျန့်......
အမြင်တွေဟာအိပ်မက်မဟုတ်ဘူးဆိုတာသိပေမယ့်လည်း.....
ခုချိန်ထိအောင်လန့်မနိုးနိုင်သေးတဲ့ ညတာရှည်ဆောင်းအိပ်မက်ဆိုးတစ်ခုဖြစ်ပါစေလို့ ဆုတောင်းနေမိတုန်းပဲ.....
ဒီလိုအဖြစ်ဆိုးကြီးကိုကြုံရရင် မင်းတို့ရောဘယ်လိုပုံဖြစ်နေကြမလဲ???
အမှန်ပြောရရင် လန်ကျန့်ရဲ့ဦးနှောက်ရောနှလုံးသားရော အလုပ်မလုပ်တော့ဘူး....
လန်ကျန့်ဟာခန်းမတံခါးပေါက်ဝမှာ ကျောက်ရုပ်တစ်ရုပ်လိုရပ်နေခဲ့တယ်....
ဝေ့ရင်းဟာလဲ လက်ထဲမှာဓါးတန်းလန်းချပြီး လူသေတစ်ယောက်လိုတောင့်တောင့်ကြီးရပ်နေခဲ့တယ်....
နှစ်ယောက်သား မျက်တောင်မခတ်တမ်း....အသက်မရှုတမ်း....
အကြာကြီးခွဲခွါခဲ့ရပြီးမှ အဖြစ်အပျက်ဆိုးတွေကိုတစ်ခုပြီးတစ်ခု ကိုယ်စီကိုယ်ငှ ကြုံဆုံလာခဲ့ပြီးမှ လန်ကျန့်နဲ့ဝေ့ရင်းဟာ ဦးဆုံးအကြိမ်အဖြစ်တစ်ယောက်ကိုတစ်ယောက် မျက်ဝန်းချင်းဆုံကာကြည့်လာခဲ့ကြတယ်....
မျက်ဝန်းတွေမှာမျက်ရည်မရှိဘူး....
ချစ်ခြင်းတွေပြည့်နေတဲ့အကြည့်လား?
အမုန်းတရားတွေနဲ့ရောယှက်နေတဲ့အကြည့်လား?
လွမ်းဆွတ်ခြင်းများစွာနဲ့အကြည့်လား?
နောက်ထပ်ဘဝမှာထပ်မမြင်ချင်တော့တဲ့အကြည့်လား?
မင်းဆီကရှင်းပြမှုကိုတောင့်တနေတုန်းပဲဆိုတဲ့အကြည့်လား?
ရွံရှာတယ်ဆိုတဲ့အကြည့်လား?နှစ်ဦးသားပဲနားလည်နိုင်မယ့်အကြည့်တွေ.....
အချိန်တွေခဏလေးရပ်တန့်သွားသလိုပဲ.....
အဲဒီအချိန်မှာတော့ ဝမ်ချောင်က ဓါးဒါဏ်ရာကိုလက်နဲ့ဖိကာ အသာလေးလျိုပြီး တိုင်နောက်မှာကွယ်နေခဲ့တယ်....
စက္ကန့်ပိုင်းအနည်းငယ်အကြာမှာ လန်ကျန့် စပြီးအသက်ရှုခဲ့တယ်....
ဝေ့ရင်းကို စေ့စေ့စပ်စပ်ကြည့်နေခဲ့တဲ့ လန်ကျန့်အကြည့်တွေဟာ ဝေ့ရင်း ခြေထာက်အောက်နားမှာ သွေးအိုင်ထဲလဲကျသွားတဲ့
အမျိုးသမီးဆီကိုရောက်သွားတယ်...

YOU ARE READING
My Missing JigsawsPuzzle Piece(ပျောက်ဆုံးခဲ့သောကိုယ့်ဘဝရဲ့အစိတ်အပိုင်း-Complete)
Fanfiction"ဆုတောင်းတခု မှားခဲ့ရင် ဘဝအဆက်ဆက် ပြန်ပေးဆပ်ရတတ်တယ်တဲ့...... တကယ်လို့ မင်းနဲ့ချစ်ခွင့်ရဖို့ဆုတောင်းမိတဲ့ ငါ့ရဲ့တခုတည်းသောဆုတောင်းဟာ မှားခဲ့တယ်ဆိုရင် ဘဝအဆက်ဆက်မက မပြီးဆုံးနိုင်တဲ့သံသရာအထိ ပြန်ပေးဆပ်ရမယ်ဆိုလည်း ငါအဲ့ဒီဆုတောင်းကိုပဲ ထပ်တလဲလဲဆုတောင်းနေဥ...