PART-33: ကံကြမ္မာနဲ့ဘဝအတွက်အဆုံးအဖြတ်

4.6K 509 83
                                    

အဖြူရောင်နှစ်ယောက်အိပ်ကုတင်ကြီးပေါ်မှာ လဲလျောင်းရင်း ပိတ်ထားတဲ့မျက်ခွံအောက်က မျက်စံတွေက ဂဏာမငြိမ်ပြေးလွှားနေကြတယ်။

နဖူးကချွေးစေးတွေကို ကျန်း ဖွဖွလေးသုတ်ပေးလိုက်တယ်....

နှုတ်ခမ်းတွေက တစ်စုံတစ်ခုကိုပြောနေသလို လှုပ်စိလှုပ်စိ....

ဒီနေ့နဲ့ဆို သခင်လေး လန်ဝမ်ကျီးတစ်ဖြစ်လဲဝမ်ရိပေါ် သတိမရသေးတာ ၂ရက်ခွဲရှိပြီ....

နှစ်ပေါင်းများစွာကမှတ်ဉာဏ်ကို ပြင်းထန်တဲ့စွမ်းအားနဲ့ လန်သခင်မကြီးကိုယ်တိုင်က ဖျောက်ပစ်ခဲ့တာဆိုတော့ ခဏတာလေးနဲ့ ရှိသမျှအတိတ်မှတ်ဉာဏ်တွေ အကုန်ပြန်ရဖို့ဆိုတာမလွယ်ကူမှန်း ကျန်း သိထားပြီးသား....

သခင်လေးရဲ့လက်လေးတွေကို နွေးနွေးထွေးထွေးဆုပ်ကိုင်ပေးရင်း ကျန်း ဝမ်းနည်းမိသည်။

လူတစ်ယောက်ဟာ ဘယ်လောက်ပဲ မေ့နေတယ်ပြောပြော...မှတ်ဉာဏ်ပျောက်နေတယ်
ပြောပြော

ဦးနှောက်နဲ့မှတ်ဉာဏ်တွေကအလုပ်မလုပ်လဲ နှလုံးသားကအလုပ်လုပ်နေသေးတယ်လေ....

အနဲဆုံးတော့ ဘွတ်ဖိနပ်စီးထားရင်း ခြေအိပ်ထဲ ကျောက်စရစ်ခဲဝင်နေသလို ခိုးလိုးခုလုဖြစ်နေတဲ့ ခံစားချက်တော့ရှိမှာပဲ (သောက်ကျိုးနဲဥပမာ)

အဲလိုခိုးလိုးခုလုခံစားချက်ဝန်ထုပ်ဝန်ပိုးတွေကို ဒီလောက်နှစ်အကြာကြီးမျိုသိပ်ထားခဲ့ရတဲ့ သခင်လေးကို ကျန်း သနားမိတယ်။

ဒါပေမယ့်လည်း သခင်လေးဘဝအတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုကို ကျန်း ပြတ်ပြတ်သားသားဆုံးဖြတ်ချက်ချရပေဦးမည်။

အတိတ်က သခင်လေးဝမ်ကျီးသည် တိတ်ဆိတ်သူ။ ခံစားချက်ကိုဖော်မပြတတ်သူ။ အေးစက်သူ။ မိသားစုကလွဲလို့အခြားသူများနဲ့တစ်သီးတစ်သန့်နေတတ်သူ။

မှတ်ဉာဏ်များပျောက်ဆုံးသွားပြီးနောက် လန်ဝမ်ကျီးတစ်ဖြစ်လဲ သခင်လေးရိပေါ်ကတော့ အရင်သခင်လေးနဲ့လုံးဝပြောင်းပြန်ဖြစ်ကာ အနားရှိလူများနဲ့လည်း နွေးထွေးစွာဆက်ဆံတတ်လာသည်။ ခံစားချက်ကိုလည်းပွင့်လင်းမြင်သာအောင်ဖော်ပြတတ်လာသည် မဟုတ်ပါလား။

My Missing JigsawsPuzzle Piece(ပျောက်ဆုံးခဲ့သောကိုယ့်ဘဝရဲ့အစိတ်အပိုင်း-Complete)Where stories live. Discover now