PART-19: ကိုယ့်ချစ်ခြင်း မင်းသိပါစေ

4.5K 415 13
                                    

ဒီနေ့နဲ့ဆို ၃ ရက်ရှိပြီ။

သူ ဝေ့ရင်း နဲ့မတွေ့ရတာ။

အရင်ကတည်းက ဂုဏ်တွေ၊ မျိုးရိုးတွေ၊ ရာထူးတွေ၊ စည်းစိမ်ချမ်းသာကြွယ်ဝမှုတွေကို သူတို့နှစ်ယောက်လုံး မမက်မောခဲ့သည်မို့

အဲလိုအပြင်ပကာသနတွေအကြောင်းအစား  တယောက်နဲ့တယောက်ရဲ့ နားလည်မှုတွေနဲ့ရင်ဘတ်ချင်းနီးတဲ့စကားတွေပဲ သူတို့အမြဲတိုင်ပင်ဆွေးနွေးခဲ့ကြတာမို့

ခုတော့ အမြဲတွေ့နေကျရေတံခွန်လေးကို ဝေ့ရင်း မလာခဲ့တာ ၃ ရက်ရှိပြီဆိုပေမယ့် တကယ်တမ်းကျသူ ဝေ့ရင်းကိုဘယ်မှာလိုက်ရှာရမယ်တောင်မသိခဲ့ဘူး။

လေ့ကျင့်ချိန်ပြီးတာနဲ့အရင်ကလို ကောကော ကိုတောင်အသိပေးနှုတ်ဆက်မနေဖြစ်တော့။

ဝေ့ရင်း များရောက်နေနှင့်မလားဆိုတဲ့ စိတ်ကလေးတခုထဲနဲ့
သူ ရေတံခွန်ရှိရာသို့အပြေးလေးလာခဲ့ပေမယ့်
ဝေ့ရင်း ရောက်မလာနိုင်ခဲ့တဲ့ရေတံခွန်လေးဟာ ရေစီးတွေရပ်တန့်နေခဲ့တယ်။

သူ ရေတံခွန်လေးနားပဲထိုင်စောင့်တယ်....
နေဝင်တဲ့အထိ

ချိုးချိုးချွတ်ချွတ်မြည်သံကြားတိုင်း ဝေ့ရင်း လာပြီအထင်နဲ့သူလှည့်လှည့်ကြည့်ပေမယ့် သူဆုတောင်းမပြည့်ခဲ့ဘူး....

အရင်က ဝေ့ရင်း မွေးထားတဲ့ယုန်လေးတွေကို ဝေ့ရင်း ချစ်လို့သူလိုက်ချစ်ခဲ့ပေမယ့် ခုတော့မုန်းတယ်....

ဝေ့ရင်း မရှိလည်း သူတို့ကအအိပ်အစားမပျက်ပျော်နေကြလို့...
ပြီးရင်တကောင်နဲ့တကောင်ပူးပြီး ချစ်ကျီစယ်ကစားနေကြသေးတယ်....

မုန်းလိုက်တာ.....
ယုန်ကင်လုပ်စားလိုက်ရ ကောင်းမလားပဲ...

မဖြစ်သေးပါဘူး....ဝေ့ရင်းပြန်လာလို့ သူ့ယုန်လေးတွေမတွေ့ရင် စိတ်မကောင်းဖြစ်လိမ့်မယ်။

ရေတူတူကူးခဲ့ကြတဲ့မြစ်ကြီးကလည်း ရေတွေတဗွမ်းဗွမ်းသံမကြားရတော့ဘူး....

သစ်ရွက်လေးတွေလေတိုးလို့တဖျတ်ဖျတ်လှုပ်ခါသံနဲ့အတူ ဝေ့ရင်းရဲ့ရယ်သံသဲ့သဲ့လေးလဲ မကြားရတော့ဘူး။

My Missing JigsawsPuzzle Piece(ပျောက်ဆုံးခဲ့သောကိုယ့်ဘဝရဲ့အစိတ်အပိုင်း-Complete)Where stories live. Discover now