"သ....သခင်လေး.....
သခင်လေးတို့အတွက်မနက်စာလာပို့တာပါ...."
ကျန်း တုန်တုန်ရင်ရင်ပဲပြောနေမိသည်...
ဟုတ်တယ်လေ....သခင်လေးနှစ်ယောက်ကိုကြည့်ပြီး အိမ်တော်ထိန်းလူပျိုကြီး ကျန်း ခဗျာ ရင်တွေပန်းတွေတုန်သွားတာဆိုတာ....ရိပေါ် ကျန်း ကိုမျက်လုံးထောင့်ကပ်တစ်ချက် ကြည့်ကာ ဟန်မပျက်နေလိုက်ရင်း
"အဟမ်း....
ရတယ်....ရတယ်....ထားခဲ့လိုက်...""ဟုတ်ကဲ့ပါ သခင်လေး"
ကုတင်ဘေးနားက ခုံလေးပေါ်မနက်စာဗန်းကို ကျန်း တင်လိုက်သည်။ကျန်း ကုတင်ဘေးနားရောက်လာတော့ ဝေ့ရင်းက ပုန်းနေတဲ့စောင်အောက်မှမျက်နှာထွက်လာခါ ကျန်း ကိုလှမ်းပြုံးပြသည်။
ဝေ့ရင်း ကစောင်လေးလှန်ထားတော့ ပုခုံးကပတ်တီးကိုကျန်းတွေ့လိုက်ရသည်မို့ စိုးရိမ်စွာနဲ့ပဲ ကုတင်ပေါ်တင်ပါးလွှဲထိုင်လိုက်ကာ စောင်ကိုပိုမို၍အောက်ဆွဲချလိုက်ပြီး ဝေ့ရင်း ၏ဒါဏ်ရာကိုအကဲခတ်စမ်းသပ်ကြည့်မိလိုက်သည်။
အနောက်ကတစ်စုံတစ်ယောက်ကတော့ မျက်နှာကြီးမိုးအုံ့နေသလိုမဲနေတာကို ကျန်း သတိမထားမိချေ....
"သခင်လေးဝေ့ ဒါဏ်ရာကသိပ်အနာမကျက်သေးဘူး။ ဦးလေးကျန်း သခင်လေးဝေ့ကိုဆေးထည့်ပေးပါရစေ။"
"မလိုဘူး" မိုးချိန်းသံအလားကျယ်လောင်စွာထွက်ပေါ်လာတဲ့ ရိပေါ်အသံ
"မလိုဘူး ဦးလေးကျန်း.... ပြီးရင်သာဆေးနဲ့ပတ်တီး လာပို့လိုက်။ ကျွန်တော်လုပ်ပေးလိုက်မယ်။ သွားလို့ရပြီ"
ဝေ့ရင်း ကတော့ဦးလေးကျန်းကိုအားနာစွာနဲ့ပင် ပြုံးပြခေါင်းငြိမ့်ပြလိုက်ရသည်။
ကျန်း အိပ်ခန်းတံခါးပေါက်ဝနားရောက်တော့
"ဦးလေးကျန်း နောက်ဆိုမဝင်လာခင်တံခါးခေါက်ပါ။ ခုကကျွန်တော်တစ်ယောက်တည်းမဟုတ်တော့ဘူး။""ဟုတ်ကဲ့ပါသခင်လေး"
ယဉ်ကျေးမှုအရဝင်ခါနီးတံခါးခေါက်ရမယ်ဆိုတာသိပေမယ့်...တစ်ယောက်တည်းမဟုတ်တော့လို့ဝင်ခါနီးတံခါးခေါက်ပါဆိုတဲ့အဓိပ္ပါယ်ကိုတော့ ကျန်း နားမလည်ပါချေ။ ဘာကြောင့်များပါလိမ့်။
YOU ARE READING
My Missing JigsawsPuzzle Piece(ပျောက်ဆုံးခဲ့သောကိုယ့်ဘဝရဲ့အစိတ်အပိုင်း-Complete)
Fanfiction"ဆုတောင်းတခု မှားခဲ့ရင် ဘဝအဆက်ဆက် ပြန်ပေးဆပ်ရတတ်တယ်တဲ့...... တကယ်လို့ မင်းနဲ့ချစ်ခွင့်ရဖို့ဆုတောင်းမိတဲ့ ငါ့ရဲ့တခုတည်းသောဆုတောင်းဟာ မှားခဲ့တယ်ဆိုရင် ဘဝအဆက်ဆက်မက မပြီးဆုံးနိုင်တဲ့သံသရာအထိ ပြန်ပေးဆပ်ရမယ်ဆိုလည်း ငါအဲ့ဒီဆုတောင်းကိုပဲ ထပ်တလဲလဲဆုတောင်းနေဥ...