1(unicode)

2.2K 130 4
                                    

The Throne (ရာဇာပုလ္လင်)
အပိုင်း-၁

မိုးများ သည်းထန်စွာရွာသွန်းနေခြင်းသည် သူ့ရဲ့အောင်မြင်မှုကို ဂုဏ်ပြုပေးခြင်းလား ဒါမှမဟုတ် သူ့ရင်ထဲက နှလုံးသားရဲ့ ငိုကြွေးနေမှုကို ဖုံးကွယ်နေခြင်းလား…………

နိုင်ငံတစ်ခုမှာ ဘုရင်တစ်ယောက်ပဲအုပ်ချုပ်ခွင့်ရှိပြီး ထိုဘုရင် ထိုင်သော ရာဇာပုလ္လင်သည်မှာလည်း တစ်ခုတည်းသာရှိသည်။

ထို့ကြောင့် သူ့အပြစ်မဟုတ်ခဲ့ပေ။ကံတရားရဲ့ အဆုံးအဖြတ်အတိုင်း ပိုပြီးအင်အားကြီးသူသာ နိုင်ခဲ့ပြီဖြစ်သော်လည်း မပျော်ရွှင်နိုင်ခဲ့ပေ။အဖိုးမဖြတ်နိုင်သော အာဏာနှင့်ထီးနန်းကို ပြန်လည်ရရှိခဲ့သည့်တိုင် သူ့နှလုံးသားကတော့ သေဆုံးသွားခဲ့ပြီဖြစ်သည်။

~~~~~~~~~~THE THRONE~~~~~~~~~

56 BC ခန့်

ရှီလာဘုရင်ဟောင်း ဝမ်မင်းကြီးသေဆုံးပြီးနောက် သူ့ရဲ့သားတော် အိမ်ရှေ့စံ ဝမ်အွန်း မင်းသား baekhyun က နန်းတက်သည်။သုံးနှစ်တိုင်တိုင် ဝမ်အွန်းမင်းကြီး အုပ်ချုပ်နေစဉ်အတွင်း ဘတ်ဂျယ် အင်ပါယာ နဲ့ မဟာမိတ်ဖွဲ့နိုင်ခဲ့ပြီး ကုန်သွယ်လမ်းထွန်းပေါက်တာကြောင့် စီးပွားရေးအလွန်ကောင်းမွန်သည်။ဉာဏ်အလွန်ကောင်းပြီး လူမှုဆက်ဆံရေးအလွန်ကောင်းမွန်သောကြောင့် မဟာမိတ်နိုင်ငံပေါများပြီး လက်အောက်ခံနိုင်ငံငယ်လေးတွေရဲ့ ကလန်ကဆန်လုပ်မှုမရှိပေ။သို့သော် ပြင်ပအန္တရာယ်မဟုတ်တဲ့ ပြည်တွင်းအန္တရာယ်က ရှိလာခဲ့သည်။

သမိုင်းကြောင့်ကိုသွေဖယ်ပြီး ဖြစ်တည်လာသော အကြောင်းတရားတစ်ခုသည် ဤသည်မှ စတင်သည်။

မင်းသားငယ် ဝမ်ယောလ် chanyeol

မင်းကြီး ဝမ်အွန်းရဲ့ ညီတော်ဖြစ်ပေမဲ့ မိခင်မတူသောကြောင့် ညီအစ်ကိုဟု မသတ်မှတ်နိုင်သော ခေတ်ကာလတွင်ဖြစ်သည်။ဝမ်မင်းကြီးတွင် သားတော်ပေါင်းဆယ်ယောက်ရှိသည်။ဝမ်အွန်းမင်းသားတစ်ယောက်တည်းကသာ မိဖုရားကြီးမှမွေးထားသော သားယောကျာ်းလေးဖြစ်တာကြောင့် အိမ်ရှေ့စံအရိုက်အရာကိုယူပြီး ထီးနန်းတက်သည်။

The Throne Où les histoires vivent. Découvrez maintenant