The Throne(ရာဇပုလ္လင်)
အပိုင်း-၂၁ဝမ်အွန်း အခုတလော ညဘက်တွေက ဝမ်ယောလ် နန်းဆောင်မှာအိပ်ပြီး နေ့ဘက်မှာတော့ သူ့အဆောင်မှာသူပြန်နေတယ်။အကြောင်းက သူ့အဆောင်မှာ ရှင်းလေး ရှိနေသည်။အမြဲတမ်း မထင်ရင်မထင်သလို ရောက်လာတတ်တဲ့ ဝမ်ယောလ် ကြောင့် သူ ရှင်းလေး ကိုခေါ်ထားမှန်း ဝမ်ယောလ် သိသွားမှာစိုးရိမ်နေသည်။
ဝမ်အွန်း ရှင်းလေး ကို ပေါင်ပေါ်မှာတင်ထားပြီး နို့ဆန်ပြုတ်ခွံကျွေးနေသည်။
သူ့ရှေ့တွင် ကင်ဂျွန်မြောင် ကဒူးထောက်ကာ မြေပြင်ပေါ်ခေါင်းငုံ့ထားသည်။
ဝမ်အွန်း သူ့ကိုမမြင်ချင်ယောင်ဆောင်နေပြီး ရှင်းလေး ကို ထပ်ပြီး ခွံ့ကျွေးလိုက်ပြန်သည်။
ရှင်းလေး ကလိမ္မာသည်။ညဘက်တွေလည်း မငိုတတ်သလို ဝမ်အွန်း ကိုကြောက်ရကောင်းမှန်း သူသိနေသည်။
ဂျွန်မြောင် ဆီသွားချင်လို့ မျက်ရည်လေးဝဲပြီးအသနားခံချင်နေရင်တောင် ဝမ်အွန်း အကြည့်တစ်ချက်မှာတင် တိတ်သွားသည်။
နို့ဆန်ပြုတ်ထဲမှာ အိပ်ဆေးပါတာကြောင့် ရှင်းလေး သိပ်မကြာခင်မှာပဲ အိပ်ပျော်သွားသည်။
'ယန်း ကလေးကိုခေါ်သွားတော့'
'ဟုတ်ကဲ့ မင်းသား'
အထိန်းတော်ယန်း က ကလေးကိုချီပြီး အပြင်ကိုထွက်သွားတာကို ဂျွန်မြောင် တခါးပိတ်သွားသည်အထိ လိုက်ကြည့်နေသည်။ဝမ်အွန်း ရှင်းလေး ကို ခေါ်ထားတာ ၁၀ ရက်လောက်ရှိတော့မည်။ဂျွန်မြောင် မှာ ဝမ်ယောလ် ကိုလည်းမပြောရဲသလို ရီရှင်း ဆီတောင် စာမပို့ဖြစ်ပေ။ဝမ်အွန်း အကြောင်းကို သူသိသည်။
'မင်းသား ဘာလို့ ရှင်းလေး ကိုခေါ်ထားတာလဲ'
'ဘာလို့လို့ထင်လဲ'
ဝမ်အွန်း ကြည့်နေသည်။ပြီးတော့ ပြုံးရုံပြုံးသည်။
'ရှင်းလေး က ကျန်းမာသားပဲ။ငါခေါ်ထားတဲ့အချိန်အတွင်း လေ့လာကြည့်သလောက် ရှင်းလေး က ကျန်းမာရုံတင်မကဘူး ဉာဏ်လည်းကောင်းတယ်။ဒါ့အပြင် သူက သာမန်ကလေးတွေနဲ့မတူပဲ သိတတ်မှုက ပိုနေတယ်'