20(uni)

1.3K 118 3
                                    

The Throne(ရာဇပုလ္လင်)
အပိုင်း-၂၀

ဝမ်မင်းကြီး လက်ထက်

မင်းသားတွေအားလုံး နန်းတော်ထဲတွင်ရှိနေချိန် ဖြစ်သည်။

အနောက်ဘက်ဥယျာဉ်သည် တစ်နှစ်ပတ်လုံးပန်းတွေဖူးပွင့်နေဆဲဖြစ်သည်။

ဝမ်ယောလ် ရေကန်လယ်ရှိ ဇရပ်ထဲကနေ ဥယျာဉ်ထဲကိုချောင်းကြည့်နေသည်။

မင်းကြီးဟောင်းက ဝမ်အွန်း နဲ့အတူ ဥယျာဉ်ထဲတွင် ကစားနေသည်။သားဖနှစ်ယောက်၏ ရယ်သံသည် ဥယျာဉ်တစ်ခွင်လုံး ပြန့်နှံ့နေသည်။

ဝမ်အွန်း ရဲ့ ပါးလေးနှစ်ဖက်ကို နမ်းလိုက်ပြီး ပွေ့ချီကာ  အပေါ်ကိုမြှောက်လိုက်သည်။ပြီးတော့ ပြန်ကျလာတဲ့ ဝမ်အွန်း ကို ချီလိုက်နဲ့ ဆော့နေသည်ကို ဝမ်ယောလ် အားကျနေသည်။

ဝမ်ယောလ် သည် မွေးကတည်းက သူ့ခမည်းတော်ချီတာ မခံယူဖူးပေ။

မင်းကြီးဟောင်းက ဝမ်အွန်း အနားကို တခြား ကလေးတွေကပ်တာမကြိုက်ပေ။ထို့အတူ မင်းသမီးတစ်ပါးကို မွေးထားသလိုမျိုးသာ စောင့်ရှောက်ထားသည်။ဝမ်အွန်း ကို အပျိုတော်တွေကသာ စောင့်ရှောက်ပြီး ဝမ်အွန်း အဆောင်တွင်လည်း အစောင့်ကလွဲရင် အထိန်းတော်ပင်မထားပေ။

ဒီလောက်စည်းကမ်းကြပ်မတ်ထားတာတောင် ဝမ်အွန်း သည် ဝမ်ယောလ် ကိုသာ တွယ်တာသည်။

ဘာပဲစားစား ဝမ်ယောလ် အတွက်ယူလာပေးပြီး ကစားစရာဆိုရင်လည်း ဝမ်ယောလ် အတွက်ပါ ပြုလုပ်စေသည်။

ခဏနေတော့ မင်းကြီးက ကိစ္စရှိသောကြောင့် ဝမ်အွန်း ကို ထားခဲ့ပြီး ထွက်သွားခဲ့သည်။

ဝမ်အွန်း လည်း ကစားရတာမောသွားတာကြောင့် ဇရပ်ဆီကို သွားလိုက်တော့ ဝမ်ယောလ် ကိုတွေ့သည်။

'ယောလ်လေး ဒီမှာဘာလုပ်နေတာလဲ'

'အွန်းလေး ကို စောင့်နေတာ'

ဝမ်ယောလ် မျက်နှာမကောင်းပေ။

ဝမ်အွန်း ဝမ်ယောလ် အနားမှာ ထိုင်လိုက်ပြီး

'ယောလ်လေး မျက်နှာမကောင်းဘူး။ဘယ်သူဘာပြောလို့လဲ'

ဝမ်ယောလ် ခေါင်းခါပြသည်။ခေါင်းကတော့ငုံ့နေဆဲဖြစ်ပြီး လက်သည်းထိပ်လေးတွေကို ကုန်ဖဲ့နေသည်။

The Throne Where stories live. Discover now