24(uni)

1.4K 136 5
                                    

The Throne(ရာဇပုလ္လင်)
အပိုင်း-၂၄

ဝမ်ယောလ် သူ့အဆောင်ထဲကို ဝမ်အွန်း ကိုပွေ့ချီလျက်သား ခေါ်လာသည်။ဝမ်အွန်း  ကတော့ သူ့ရင်ခွင်ထဲတွင် တစ်လမ်းလုံးငိုလာခဲ့သည်။

ဝမ်ယောလ် ဝမ်အွန်း ကို ကုတင်ပေါ်တင်ပေးလိုက်ပြီး

'ငိုမနေနဲ့တော့...ဆေးထည့်မယ်'

ဝမ်အွန်း မျက်နှာလွှဲသွားသည်။

'အွန်းလေး'

'ငါ့အချစ်ကမင်းအတွက် အပေါစားဆန်နေလား ယောလ်'

ဝမ်ယောလ် ပြန်မဖြေပေ။

ဝမ်အွန်း ဝမ်ယောလ် ကိုမော့ကြည့်လိုက်သည်။

'မင်းဘာဖြစ်ချင်နေတာလဲ ယောလ်'

'အွန်းလေး ကကော ဘယ်အချိန်အထိ ကိုယ့်ကိုကန့်လန့်တိုက်နေမှာလဲ'

'မင်း ဘာကိုပြောချင်တာလဲ'

'မနေ့ကပေးတဲ့အပြစ်ဒဏ်က ခြိမ်းခြောက်မှုတစ်ခုပဲ။အွန်းလေး လုပ်ထားတဲ့ စီးပွားရေးလမ်းကြောင်းပြောင်းလဲမှုက အွန်းလေး ရဲ့ခြိမ်းခြောက်မှုတစ်ခုတည်းက မထိရောက်ဘူး။ဒီထက်ပိုပြီး ကြောက်စရာကောင်းတဲ့ အာဏာရဲ့ခြိမ်းခြောက်မှုပါမှ ပုန်ကန်မှုတွေမရှိလာမှာ။ဒါပေမဲ့ အွန်းလေး ရဲ့ လုပ်ရပ်က ကိုယ့်ကိုအများကြီးထိပါးစေတယ်။ပြည်သူတွေရှေ့မှာ ကိုယ်က ကိုယ့်ရဲ့ကြင်ယာတော်ကိုတောင် မအုပ်ချုပ်နိုင်ဘူးလို့ အထင်ခံရစေတယ်။ပြီးတော့ အွန်းလေး ကတခြားသူမဟုတ်ဘူး။ရှီလာရဲ့ မင်းကြီးဟောင်း'

'အဲ့အတွက်ကြောင့် ငါ့ကိုအပြစ်ပေးတယ်ဆိုတာငါလက်ခံတယ်။ဒါပေမဲ့ ဝမ်ဆောနို ရှေ့မှာ ငါ့သိက္ခာချတာကကော'

'သူက ကိုယ့်ရဲ့ မိဖုရား။အွန်းလေး က ဘယ်လောက်ပဲကြင်ယာတော်ဖြစ်နေပါစေ ယောကျာ်းလေးတစ်ယောက်ပဲ။မင်းကြီးရဲ့ ပိုင်ဆိုင်သူ မိဖုရားနန်းဆောင်ထဲမှာ မင်းသားငယ်တွေတောင်အိပ်ခွင့်မရှိတာ တော်ဝင်စည်းကမ်းပဲ။ပြီးတော့ ဆောနို က အွန်းလေး နဲ့ ကိုယ့်ကို ညီအစ်ကိုတွေလို့ပဲယုံထားတာ။ပြီးတော့ သူက မင်းအပေါ်လေးစားမှုပြင်းထန်နေတယ်'

The Throne Where stories live. Discover now