The Throne (ရာဇာပုလ္လင်)
အပိုင်း-၇မင်းကြီး ဝမ်ယောလ် အမေ ရောက်လာပြီဖြစ်တာကြောင့် အမတ်တွေအားလုံးက မင်းမယ်တော်ကြီးအဖြစ် တင်မြောက်ပွဲကျင်းပရန် ညီလာခံတွင် အပြိုင်အဆိုင် အဆိုတင်သွင်းတော့သည်။
ဝမ်အွန်း ကတော့ ထိုကိစ္စအတွက် ဘာဆို ဘာမှမပြောခဲ့ပေ။အလုပ်မရှိ အလုပ်ရှာပြီး အလုပ်မဟုတ်တာတွေအတွက် ငွေကုန်ကြေးကျခံနေရမည့်ကိစ္စသာသာ သတ်မှတ်ထားသည်။
သားက မင်းကြီးဖြစ်ရင် အမေကျန်ခဲ့ပါက မင်းမယ်တော်ကြီး အဖြစ်နေရမည်မှာ အားလုံးသိနေသည့်ကိစ္စကို အရေးကြီးခွင်ကျယ်လုပ်ပြီး မျက်နှာလုပ်ချင်နေသည်မှာ အလွန်သိသာလွန်းသည်။
ဝမ်အွန်း အတွက်တော့ ဒီညီလာခံသည် လွန်စွာပျင်းစရာကောင်းလွန်းသည်။
'ကြင်ယာတော်မင်းသားကကော ဘယ်လိုမြင်လဲ'
တစ်ချိန်လုံးတိတ်ဆိတ်နေသည့် ဝမ်ယောလ် မေးသံကြားမှ ဝမ်အွန်း ခေါင်းထောင်လာပြီး
'မသိဘူးလေ။ဘဏ္ဍာရေးအဆင်ပြေရင်လုပ်ပေါ့။ဟိုတစ်လောကတင် ဆန်နဲ့ ရိက္ခာတွေဝယ်လိုက်လို့ ကုန်သွားသေးတယ်မဟုတ်လား'
'အဲ့ဒါတွေက ဆားရောင်းရအမြတ်ငွေနဲ့တင် လုံလောက်ခဲ့ပါတယ်ကြင်ယာတော်မင်းသား'
'ဂိုဂူလျောမှာ အရောင်းအဝယ်လုပ်တာ အဲ့လောက်တောင်မြတ်ခဲ့တာလား'
ဝမ်အွန်း က မယုံသည့် အသံဖြင့်မေးတော့ ဘဏ္ဍာရေးအမတ် မျက်နှာပျက်သွားသည်။
'ကြည့်ရတာ ရောင်းခဲ့တဲ့အထဲမှာ ဆားတင်မဟုတ်ဘူးထင်တယ်'
'ဘာပဲဖြစ်ဖြစ် မယ်တော်ပြန်ရောက်လာတာကိုတော့ ခမ်းခမ်းနားနားနဲ့ ကြိုဆိုပွဲလုပ်ပေးရမှာပေါ့'
ထပ်ပြီးဆိုလာသည့် ဝမ်ယောလ် စကား။
ဝမ်အွန်း ပါးစပ်လေးဟသွားသည်အထိ အံ့သြသွားခဲ့သည်။
ဒါက သူ့ကို မင်းမယ်တော်ကြီးနဲ့ ရန်တိုက်ပေးချင်လို့ ထိုစကားကိုပြောခဲ့တာပေါ့။အခုတော့ ပွဲလုပ်ပြီး မကြိုဆိုချင်လို့ လျှောက်ပြီးအကြောင်းပြချက်ရှာနေသည့် သမက်ဆိုးလေး ဝမ်အွန်း ဖြစ်သွားလေပြီ။