The Throne(ရာဇာပုလ္လင်)
အပိုင်-၂အရင်တစ်ပတ်ကအထိ ထီးနန်းပုလ္လင်မှာ ထိုင်ခဲ့သူ မင်းကြီး ဝမ်အွန်း အား ဖြုတ်ချပြီး အငယ်ဆုံးမင်းသား ဝမ်ယောလ် ရဲ့ ထီးနန်းသိမ်းယူမှုသည် ရှီလာတိုင်းပြည်တစ်ခုလုံးကို ပြန့်နှံ့သွားသည်။
ထို့အပြင် အိမ်နီးချင်းနိုင်ငံများနှင့် လက်အောက်တိုင်းပြည်ငယ်များဆီလည်း ထိုသတင်းသည် တစ်ဟုန်ထိုး ပျံ့နှံ့သွားခဲ့သည်။သို့သော် ဝမ်အွန်းမင်းကြီးကို မသတ်ခဲ့တာကြောင့် သူ့ဆီမှ ထီးနန်းကို လွဲှပြောင်းပေးရန် စေခိုင်းခဲ့သည်။
တစ်ပတ်အကြာတွင် ထီးနန်းလွဲှပြောင်းပွဲနှင့် လက်ထပ်ပွဲ အခမ်းအနားကို နန်းရင်ပြင်တွင် ကျင်းပရန် ပြင်ဆင်နေကြသည်။
နန်းတွင်းတစ်ခုလုံး ပစ္စည်းသယ်သူသယ် ၊ နေရာချသူချ နဲ့ စာအုပ်တွေထဲရေးမှတ်ကာ စီစဉ်နေသူများဖြင့် စည်ကားနေသည်။
ထို့အတူ ဝမ်အွန်း အခန်းထဲတွင်လည်း ဝတ်စုံတိုင်းရန် အပ်ချုပ်သမများရောက်နေသည်။
'ထွက်သွား!!'
'မင်းသား ဆက်ပြီးကလန်ကဆတ်လုပ်နေရင် ကျွန်တော် မင်းကြီးကိုသွားခေါ်ရလိမ့်မယ်'
ခြိမ်းခြောက်သလိုပြောလာသည့် sehun စကားကြောင့် ဝမ်အွန်း ခုံပေါ်တင်ထားသော လက်များမှာ လက်သီးဆုပ်အဖြစ်ပြောင်းသွားပြီး sehun ကိုစူးစိုက်ကြည့်နေသည်။
'ထွက်သွား'
ဝမ်အွန်းရဲ့ ပုံနှိပ်ထားသလို ထွက်လာသည့် စကားတစ်ခွန်းကြောင့်ပဲ sehun သူ့အနောက်မှာ ရပ်နေသည့် အပျိုတော်တစ်ယောက်ကို လှည့်ကြည့်လိုက်တော့ သူမက အလိုက်တသိ ထွက်သွားသည်။သေချာပေါက် ဝမ်ယောလ် ဆီသွားမည်ဖြစ်သည်။
ဝမ်အွန်း ဝတ်ဆင်ထားသော အဖြူရောင်ပိုးသားဝတ်စုံသည် ရွှေရောင်ငှက်ငယ်လေးများဖြင့် အရိပ်ချထားတာကြောင့် ပြတင်းပေါက်ကတိုးဝင်နေသော နေရောက်အောက်တွင်လင်းလက်နေသည်။ဆံပင်အားလုံးကိုစုထုံးထားပြီး ကျောက်ဖြူဆံထိုးတစ်ခုသာ ထိုးထားတာကြောင့် ရှင်းလင်းနေသော မျက်နှာငယ်သည် ဘယ်လောက်စိတ်တိုနေလဲ ပြသပေးနေသည်။နန်းချရုံတင်အားမရလို့ လက်ဆတ်ရမည်တဲ့………။ဝမ်အွန်း ထိုကိစ္စသိသည့်နေကတည်းက တစ်မျိုးမဟုတ်တစ်မျိုးဖြင့် ကလန်ကဆန်လုပ်နေသည်မှာ ဘယ်သူမှ ထိန်းမရပေ။ဝမ်ယောလ် လည်း စိတ်ငြိမ်သွားသည်အထိစောင့်ခိုင်းထားသည်။
![](https://img.wattpad.com/cover/195277940-288-k438965.jpg)