The Throne (ရာဇာပုလ္လင်)
အပိုင်း-၁၄တောတောင်ထဲရောက်နေသောကြောင့် မနက်ခင်းစောစောအချိန်သည် လွန်စွာအေးသည်။ဝမ်အွန်း အိပ်ပျော်နေရာမှ အေးစိမ့်နေသောပတ်ဝန်းကျင်ကြောင့် နိုးလာခဲ့သည်။
နိုးနိုးချင်း ညကအကြောင်းပြန်တွေးမိပြီး ဝမ်ယောလ် ကို ဘေးနားမှာရှာကြည့်တော့ မတွေ့တော့တာကြောင့် ဝမ်အွန်း မျက်နှာတင်းခနဲဖြစ်သွားသည်။သူ့ကိုပျော်တော်တော်ဆက်သာသာ သာ သဘောထားပြီး တောကောင်အန္တရာယ်ပြုမှာကိုတောင်မစိုးစိုးရိမ်ဘဲ တစ်ယောက်တည်းပစ်ထားခဲ့သည်။စခန်းချထားသောနေရာနဲ့နီးလို့ အန္တရာယ်ရှိအကောင်တွေရောက်မလာတာကိုပဲကျေးဇူးတင်ရမည်။
ဝမ်အွန်း တစ်ယောက်တည်းစိတ်တိုနေချိန် ဒိုဂျောင်ဆူး ရောက်လာကာ
'ကြင်ယာတော်မင်းသား'
'ဘာကိစ္စရှိလို့လဲ'
ဂျောင်ဆူးက ဝမ်အွန်း ထိုင်နေသော နေရာရဲ့ ရှေ့နားတွင် ဒူးတစ်ဖက်ထောက်ထိုင်လိုက်ကာ
'ညက ပြန်မရောက်လို့ စိတ်ပူနေတာ။မင်းကြီးခေါ်သွားတာသိပေမဲ့ မင်းကြီးက ပြန်ရောက်လာပြီး ကြင်ယာတော်က ပြန်မရောက်လာတော့.....'
'ငါဘာမှမဖြစ်ဘူး'
ဝမ်အွန်း ဂျောင်ဆူး စကားကို ဖြတ်ပြောလိုက်တော့ ဂျောင်ဆူး ရဲ့ စိတ်မကောင်းဖြစ်သွားသောမျက်နှာကို မြင်လိုက်ရသည်။
ဂျောင်ဆူး သက်ပြင်းတစ်ချက်ချလိုက်ပြီး
'တစ်ကယ်အဆင်ပြေလို့လား'
ဂျောင်ဆူး ၏ အကြည့်တို့သည် ဝမ်အွန်း ရဲ့ လည်ပင်းဆီရောက်လာသည်။
နီရဲနေသော လက်ရာကြီးက လည်တိုင်ဖြူဖွေးဖွေးတွင် အထင်းသားပေါ်နေသည်။
ဝမ်အွန်း မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ မျက်နှာလွှဲလိုက်ပြီး
'ပြေတယ်'
ဝမ်အွန်း သည် ခံစားချက်မရှိသော သူတစ်ယောက်ပမာ မြေပြင်က သစ်ရွက်ကြွေတွေကိုကြည့်နေသည်။
ဂျောင်ဆူး ဝမ်အွန်း ရဲ့ ပေါက်ပြဲနေသော နှုတ်ခမ်းပါးတစ်စုံကိုကြည့်လိုက်ပြီး
![](https://img.wattpad.com/cover/195277940-288-k438965.jpg)