The Throne (ရာဇာပုလ္လင်)
အပိုင်း-၁၁ဝမ်အွန်း နိဟွန်းနိုင်ငံသားတွေနဲ့ ကုန်သွယ်ရေးလမ်းကြောင်းဖွင့်ဖို့အတွက် သူ့ဆီက အဓိက ထွက်ကုန် နဲ့ ကိုယ့်ဘက်က ပစ္စည်းတွေ လဲလှယ်လို့ရမည့် ပစ္စည်း ၊ ရောင်းချရမည့်ပစ္စည်းတွေကို ခွဲခြားပြီး စာရင်းပြုစုစေသည်။အာလုံးပြင်ဆင်ပြီးသည့်နောက်တွင်တော့ ရက်သတ်မှတ်ကာ လှဲလှယ်ရန်ဆုံးဖြတ်လိုက်သည်။
ညီလာခံတွင် ဝမ်အွန်း ကိုယ်တိုင် နိဟွန်း နိုင်ငံသားတို့အား တရားဝင်ကုန်သည်အဖြစ် သတ်မှတ်ကြောင်း ကြေငြာခဲ့သည်။
'စဉ်းစားပါဦး ကြင်ယာတော်မင်းသား။မင်းကြီးနန်းတော်မှာ မရှိတဲ့အချိန်မှာ အခုလို ကုန်သွယ်ရေးကို ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်တာက မသင့်တော်ပါဘူးမင်းသား'
'မသင့်တော်ဘူး။ဘာကလဲ။ဒါဆို လိုအပ်နေတဲ့ စစ်အသုံးစရိတ်အတွက် မင်းတို့အိတ်ထဲက ပေးမှာလား။ဒါဆိုရင်တော့သဘောပဲလေ'
ဝမ်အွန်း ခပ်တည်တည်နဲ့ပြောတော့ အကုန်လုံး မျက်နှာပျက်ကုန်သည်။
'စစ်တပ်ရိက္ခာအတွက် မင်းသားတွေ အပိုင်စားရတဲ့ နေရာတွေဆီက အထောက်အပံ့ရထားပါတယ်'
'ဒါဆို ငါ့ပြည်သူတွေက အငတ်နေရမှာလား'
'ပြည်သူတွေက အဆင်ပြေပြေရှိနေတာမို့လို့…………'
'အဆင်ပြေတယ်?ငါပဲနားကြားမှားတာလား'
ဝမ်အွန်း သည် ခပ်ထေ့ထေ့ရယ်၏။
'ရှီလာရဲ့ မြို့တော် ဂျယွန်ဂျူဆီ မှာတောင် ဒီလောက်စုတ်ပြတ်သတ်နေတာ ဘယ်နေရာကများ အဆင်ပြေနေတာလဲ။မဟုတ်မှ မင်းအိမ်အကြောင်းပြောနေတာတော့ မဟုတ်ပါဘူးနော်'
ဝမ်အွန်း ၏ စူးရှလှသော အကြည့်တို့သည် အမိန့်တစ်ခုကို ချမှတ်ရန်အသင့်ဖြစ်နေသည်။
'အခုချက်ချင်း အိုးအိမ်အမတ်ကို ရာထူးချပြီး သူပိုင်ဆိုင်တဲ့ ငွေကြေး ပိုင်ဆိုင်မှုအားလုံးကို နိုင်ငံတော် ဘဏ္ဍအဖြစ်သိမ်းမယ်'
'မင်းသား ခွင့်လွှတ်ပေးပါ။မင်းသားအပေါ်မှာ သစ္စရှိရှိ အမှုထမ်းပေးပါ့မယ်။မင်းသား………'