[Zawgyi]
The Throne(ရာဇာပုလ္လင်)
အပိုင်း-၂၇ဝမ်အွန်း ရှီရွှန်း ဆီသွားဖို့ပြင်နေတုန်း ဝမ်ယောလ် ရောက်လာပြီး
'ဘယ်သွားမလို့လဲ အွန်းလေး'
'ယောလ်လေး ပြန်လာတာလား။မိဖုရားဆီမှာပဲ နေဦးမယ်ထင်နေတာ'
'မေးတာဖြေ'
ဝမ်အွန်း အထိန်းတောင်ယန်း ကိုင်ပေးထားသော အပေါ်ဝတ်အင်္ကျီထဲ လက်လျိုလိုက်ပြီး
'ဟိုနားဒီနားပါ။ကိစ္စလေးရှိလို့'
'ရှီရွှန်း ဆီလား'
ဝမ်အွန်း လက်တွေ ခဏရပ်သွားပြီးမှ နောက်ထပ်တစ်ဖက်ကို လက်လျိုလိုက်ပြီး
'ဘာလို့လဲ။ငါက ရှီရွှန်း ဆီတောင် သွားလို့မရတော့ဘူးလား'
'မင်းဘာတွေကြံစည်နေတာလဲ အွန်းလေး။ရှီရွှန်း ကို ထပ်ပြီးထိခိုက်အောင်မလုပ်တော့နဲ့နော်'
'ဟက်'
ဝမ်အွန်း တစ်ချက်ရီလိုက်ပြီး
'ဘာလို့လဲ'
ဝမ်အွန်း ဝမ်ယောလ် နှင့်မျက်နှာချင်းဆိုင်ဖြစ်အောင် လှည့်ရပ်လိုက်ပြီး
'ဘာတွေစိုးရိမ်နေတာလဲ။ငါ့ကို တော်တော်အထင်ကြီးနေတာပဲ'
'အွန်းလေး အကြောင်းကို ကိုယ်အသိဆုံးပဲ။အွန်းလေး ဘာလို့ ရှီရွှန်း အနားကပ်နေလဲမသိပေမဲ့ ကောင်းတဲ့ကိစ္စမဟုတ်တာတော့ သိတယ်'
'ဟား.ဟား....'
ဝမ်အွန်း ဟားတိုက်ရယ်ကာ လက်ခုပ်ပါတီးပစ်လိုက်သည်။
'ငါ့ကို ဘယ်လိုတွေမြင်နေတာလဲ ယောလ်။ငါကို စိတ်ထားကောက်ကျစ်တဲ့ လူလို့မြင်နေတာလား။ဒါမှမဟုတ် အကြံအစည်များတဲ့ မြေခွေးလို့လား။မင်းဘယ်လိုမြင်လဲ ငါမသိပေမဲ့ ငါက ရှီရွှန်း ဆီ ပျင်းလို့အလည်သွားရုံပါ။ငါမှာ တခြားဘာစိတ်ကူးမှမရှိဘူး။ယုံတာမယုံတာကတော့ မင်းအပိုင်းပဲ'
'အွန်းလေး ပြောတာနော်။တစ်ကယ်လို့ အွန်းလေး ကြောင့်နဲ့ ရှီရွှန်း တစ်ခုခုဖြစ်ရင်.........'
ဝမ်ယောလ် ပြောရင်း ရပ်လိုက်ပြီး သူ့စကားသူပြန်စဉ်းစားကာ