The Throne (ရာဇာပုလ္လင်)
အပိုင်း-၁၃ဝမ်အွန်း ဂျွန်မြောင်နဲ့ တွေ့ ပြီးပြန်လာလာချင်းမှာပဲ စစ်ပွဲအတွက်အစည်းအဝေးပွဲ ပြုလုပ်ခဲ့သည်။
စစ်သည်အယောက်နည်းနည်းလေးသာ ပါဝင်သော အရှုံးခံစစ်ပွဲတစ်ပွဲကိုပြုလုပ်မည်ဖြစ်ပြီး ပါဝင်သူများထဲတွင် ဝမ်ရှီရွှန်း ပါ ပါမည်ဖြစ်သည်။
'ရှီရွှန်း က ဘာလို့ ခေါင်းဆောင်အနေနဲ့သွားရမှာလဲ အွန်းလေး။ဒါကသိပ်သဘာဝမကျဘူး'
'သဘာဝကျပါတယ်။ ရီရှင်း တို့က အကောင်းဆုံးကာကွယ်ခဲ့ပြီး ပြန်ခေါ်လာခဲ့ပါ။မင်းတို့ခေါ်သွားတာ တခြားသူမဟုတ်ဘဲ ယောလ်လေး ရဲ့ ကြင်ယာတော်ဖြစ်နေတာမို့လို့ '
'ကြင်ယာတော်တွေကို လက်နက်ကိုင်ခွင့်မပေးထားဘူး။ ဒီအစီအစဉ်က အန္တရာယ်များလွန်းတယ်'
ဝမ်ယောလ် ဝင်ပြောပေမဲ့ ဝမ်အွန်းရဲ့ အစီအစဉ်ကို ပြောင်းနိုင်မည့်ပုံမပေါ်ပေ။
'မရဘူး ယောလ်လေး။ငါ့အစီအစဉ်ထဲမှာ ရှီရွှန်း က သေချာပေါက် စစ်ပွဲထဲပါ ရလိမ့်မယ်'
ဝမ်အွန်း စကားကြောင့် ဝမ်ယောလ် ရှီရွှန်း ကိုကြည့်လိုက်သည်။
'ကျွန်တော်အဆင်ပြေပါတယ် မင်းကြီး'
ရှီရွှန်း ဝမ်ယောလ် ကို အခက်မတွေ့စေချင်တာကြောင့် ဝမ်အွန်း ပြောတဲ့ အတိုင်းပဲ လုပ်စေလိုက်သည်။
ဝမ်ယောလ် ရီရှင်း နဲ့ ဂျုံအင် ကိုကြည့်ရင်း
'ဒါဆို ရှီရွှန်း ကို မင်းတို့စောင့်ရှောက်ပေးပါ။အရင်က သူဘာပဲဖြစ်ခဲ့ပါစေ။အခုအချိန်မှာတော့ ငါ့ကြင်ယာတော်ပဲ'
ဝမ်ယောလ် စကားကြောင့် ဝမ်အွန်း ကော ရှီရွှန်း ကော ဝမ်ယောလ် ကိုကြည့်လိုက်သည်။
ဝမ်အွန်း မျက်လုံးထဲမှာတော့ အလိုမကျတဲ့ အရိပ်အယောင်တွေရှိနေပြီးတော့ ရှီရွှန်း မျက်လုံးထဲတွင်တော့ မယုံနိုင်ခြင်းများ ပြည့်နှက်နေသည်။
နောက်သုံးရက်နေရင် ဝမ်ရှီရွှန်း ဦးဆောင်သော အယောက်၁၀၀သာပါသော စစ်တပ်သည် အရှုံးခံတိုက်ပွဲတစ်ခုကို ပြုလုပ်မည်ဖြစ်သည်။